ဝုလ်ဗ်စ်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း စတက်ဖင် ဘက်ဂျ်ဆီတစ်နဲ့ ဘန် ဒိုအက်ခ်တို့ရဲ့စွမ်းဆောင်ရည်ကြောင့် အထင်ကြီးခဲ့ကြပါတယ်။

လီဗာပူးလ်ပရိသတ်တွေဟာ အင်္ဂါနေ့ညက အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ ဝုလ်ဗ်စ်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း စတက်ဖင် ဘက်ဂျ်ဆီတစ်နဲ့ ဘန် ဒိုအက်ခ်တို့ရဲ့စွမ်းဆောင်ရည်ကြောင့် အထင်ကြီးခဲ့ကြပါတယ်။

လီဗာပူးလ်လူငယ်ကြယ်ပွင့် ဟာဗီး အဲလီးယော့တ်က ပွဲကစားချိန် ၁၃ မိနစ်မှာ လီဗာပူးလ်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး ဒီပွဲစဉ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဘက်ဂျ်ဆီတစ်ဟာ ကွင်းလယ်ခံစစ်နေရာမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး ပွဲစဉ်တလျှောက်လုံး အံ့အားသင့်ဖွယ် ကောင်းမွန်ခဲ့တာကြောင့် ပရိသတ်တွေဟာ အသက် ၁၈ နှစ်အရွယ်ကစားသမားဟာ ထူးခြားတဲ့ကစားသမားဖြစ်ပြီး ဒီလိုမျိုး ဆက်လက်စွမ်းဆောင်ပြနိုင်မယ်ဆိုရင် ပုံမှန်ပွဲထွက်ခွင့် ပေးသင့်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လူငယ်ကွင်းလယ်ကစားသမားဟာ ဝုလ်ဗ်စ်နဲ့ပွဲမှာ ၇၅ မိနစ် ပါဝင်ကစားပေးခဲ့ရာမှာ ဘောလုံး ပေးပို့မှု ၂၄ ကြိမ် အောင်မြင်၊ မြေပြင်တစ်ဦးချင်းတိုက်ပွဲ ၆ ကြိမ်မှာ ၅ ကြိမ်အနိုင်ရ၊ အောင်မြင်တဲ့ လုယူမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘက်ဂျ်ဆီတစ်ကို ပွဲကစားချိန်ပြည့်ဖို့ ၁၅ မိနစ်အလိုမှာ ဖာဘင်ညိုနဲ့ လူစားလဲလှယ်ခဲ့တာ ဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ယခုရာသီမှာ လီဗာပူးလ်ပထမအသင်းအတွက် ၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၃ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။


ဘက်ဂျ်ဆီတစ်ဟာ အခွင့်အရေးအများအပြား မရရှိခဲ့ပေမယ့်လည်း အခွင့်အရေးပေးခြင်းခံရတဲ့အချိန်မှာ အလွန်အထင်ကြီးဖွယ်ကောင်းခဲ့တာ ဖြစ်ပြီး တစ်ဆက်တည်းမှာပဲ ဘန် ဒိုအက်ခ်ကလည်း ၇၅ မိနစ်မှာ သီယေဂို အယ်လ်ကန်တာရာရဲ့နေရာမှာ လူစားဝင်ကစားပေးခဲ့ပြီးနောက် ဘောလုံးနဲ့အတူ လျင်လျင်မြန်မြန်နဲ့ ထိုးဖောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ်ကစားသမားဟာ ၎င်းရဲ့ အလိမ်အခေါက်စွမ်းရည်ကြောင့် လူမှုကွန်ရက်ပေါ်က ပရိသတ်တွေကြားမှာ လက်ခုပ်သံတွေ ရရှိခဲ့တာဖြစ်ပြီး ပရိသတ်တွေဟာ ဒိုအက်ခ်က ၎င်းရဲ့ ပင်ကိုအရည်အချင်းကြောင့် တောက်ပနိုင်ခဲ့တာလို့ ယုံကြည်နေကြပါတယ်။

ဘန် ဒိုအက်ခ်ဟာ ယခုရာသီမှာ စီနီယာအသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ၅ ပွဲသာ ပါဝင်ကစားပေးထားရသေးသူဖြစ်ပေမယ့်လည်း လူငယ်ကြယ်ပွင့်ဟာ အခွင့်အရေးပေးခံရတဲ့အချိန်တိုင်းမှာ အလွန်ကောင်းမွန်တဲ့ ခြေစွမ်းကို မကြာခဏ ပြသနိုင်ခဲ့တာဖြစ်ပြီး လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ လီဗာပူးလ်လူငယ်ကြယ်ပွင့် ၂ ဦးအတွက် ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ "စတက်ဖင် ဘက်ဂျ်ဆီတစ်က အခုအချိန်အထိ အရမ်းကောင်းမွန်နေခဲ့တယ်။ ခံစစ်ကိုထိုးဖောက်တဲ့ကစားပုံနဲ့ ဘောလုံးကို ပါးပါးနပ်နပ် အသုံးချနိုင်တယ်။ စပိန်ဆယ်ကျော်သက်လေးက အလားအလာအများကြီးရှိတယ်"လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး "ဘန် ဒိုအက်ခ် အသက် ၁၇ နှစ်တဲ့လား။ ဝိုး။ ခက်ခဲတဲ့အခြေအနေမှာ ကျွန်တော်တို့ ကူညီပေးဖို့ ရဲစွမ်းသတ္တိနဲ့ တာဝန်ယူ တာဝန်ခံမှုကို ပြသခဲ့တယ်"လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က