လှပ်၍လွင့်သော ရုပ်ရှင်ကားကြီး ပရိသတ်အားပေးမှု နည်းတဲ့အပေါ်..။

‘’လှပ်၍လွင့်သော’’ ရုပ်ရှင်ကားကြီးကို အားပေးတဲ့ပရိသတ် နည်းသွားတဲ့အပေါ် မို့မို့မြင့်အောင်က စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဒီ့အတွက် အများကြီး ကြိုးစားထားတဲ့ ခင်ဝင့်ဝါကိုလည်း အားပေးစကားပြောထားပါသေးတယ်။

Photo: လှပ်၍လွင့်သော



သရုပ်ဆောင် အကယ်ဒမီ မို့မို့မြင့်အောင်က ‘’လှပ်၍ လွင့်သော’’ရုပ်ရှင်ကားကြီးနဲ့ ပတ်သက်ပြီး ခင်ဝင့်ဝါအတွက် အားပေးစကားပြောခဲ့ပါတယ်။ အားငယ်စရာမလိုတဲ့အကြောင်းကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’သမီးလေးက ဒီတစ်ကားလုံးမှာ သူ သရုပ်ဆောင်ခွင့်အရဆုံးပေါ့နော်။ မမို့တို့တောင်မှ ပါးပါးလေး တစ်ခန်းလေးလောက်ပဲရှိတာပါ။ သူ့အတွက်ကလည်း ခံစားရပါတယ်။ ဒါပေမယ့် အဖြေတစ်ခုကတော့ ခင်ဝင့်ဝါလေးအတွက် ရှိတဲ့ပရိသတ်က ရှိပြီးသားပါ။ သူ အားငယ်စရာမလိုပါဘူး။ သူ့ပရိသတ်က ပရိသတ်ပါပဲ။ လက်ခုပ်တီးတာကလည်း ပရိသတ်ပါပဲ’’ လို့ သူကဆိုပါတယ်။

Photo: လှပ်၍လွင့်သော

‘’လှပ်၍ လွင့်သော’’ရုပ်ရှင်ကားကြီးကို ပရိသတ်အားပေးမှု နည်းတာကလည်း စာမေးပွဲနဲ့ တိုက်ဆိုင်တာဖြစ်မယ်လို့ မို့မို့မြင့်အောင်က ‘’တစ္ဆေငိုချင်း’’ ဗီဒီယိုဇာတ်ကား မိတ်ဆက်ပွဲမှာဖြေဆိုခဲ့တာပါ။

‘’ဒါကလည်း တက္ကသိုလ်ကျောင်းတွေ စာမေးပွဲ ဖြေတဲ့သူတွေ ရှိတာနဲ့လည်း တိုက်ဆိုင်သွားတာပေါ့နော်။ လာကြည့်မယ့် လူက ၁၀၀ မှာဆိုရင် စာမေးပွဲဖြေတဲ့သူက ၅၀ လောက်ရှိတာပေါ့နော်။ ဒီလို တိုက်ဆိုင်မှုလေးတွေလည်း ပါမှာပါ’’ လို့ သူက ဆက်လက်ပြောပြခဲ့ပါသေးတယ်။

Photo: လှပ်၍လွင့်သော

ဒါပေမယ့် ဝါရင့်သရုပ်ဆောင် တစ်ဦးအနေနဲ့ ကာရိုက်တာအရ ပရိသတ်ရင်ထဲကိုရောက်အောင်တော့ ကြိုးကြိးစားစား သရုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

‘’မမို့တို့ သရုပ်ဆောင်တယ်ဆိုတာက ပရိသတ်အချစ်ကိုလိုချင်လို့၊ ပရိသတ်ရင်ထဲကို သွားချင်လို့၊ မမို့တို့က ပရိသတ်ရင်ထဲရောက်အောင် သရုပ်ဆောင်ရတာ။ ပရိသတ်ကလည်း လာမကြည့်ဘူးဆိုတော့ ပရိသတ်ရင်ထဲမရောက်တော့ မမို့တို့လည်း ခံစားရတာပေါ့နော်’’ လို့ ဆိုပါတယ်။


Photo: လှပ်၍လွင့်သော

လှပ်၍လွင့်သော ရုပ်ရှင်ကားကြီးကို ဒါရိုက်တာဝိုင်း ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် မို့မို့မြင့်အောင်၊ ခင်ဝင့်ဝါနဲ့ ဖွေးဖွေးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားကို မတ်လ ၂၂ ရက်နေ့က စပြီး အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသလျှက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က