အချစ်ရေးကိုလည်း အကောင်းဆုံးဖြစ်စေချင်ပါတယ်တဲ့။

ဝိုင်းလေးက သူချစ်ရတဲ့ သူငယ်ချင်းဖြစ်တဲ့ ခင်ဝင့်ဝါကို ကောင်းမွန်တဲ့ လက်တွဲဖော်နဲ့သာ တွေ့ဆုံစေချင်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ခင်ဝင့်ဝါကတော့ ကိုရီးယားမင်းသားလေးကိုပဲ အရူးအမူးသဘောကျနေတာပါတဲ့။

Photo: Wint Yee Shun



ဝိုင်းလေးကတော့ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ ခင်ဝင့်ဝါကို တကယ်ချစ်တဲ့ လက်တွဲဖော်နဲ့ ဆုံစေချင်တယ်လို့ ဆိုပါတယ်။ ခင်ဝင့်ဝါအတွက် သူမရင်ထဲက စကားတွေကို Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ သူနဲ့ပတ်သက်ပြီးတော့ ပြောစရာတော့ မရှိပါဘူး။ သူငယ်ချင်း အချင်းချင်းကျတော့ နားလည်ဆုံးပေါ့နော်။ သူ့ရဲ့ဘဝမှာ သူချစ်တဲ့လူနဲ့ ပေါင်းဖက်နိုင်ဖို့ ဘဝမှာ ဘယ်လောက်ပဲ ငွေရေး၊ ကြေးရေး ချမ်းသာပါစေ ဘယ်လောက်ပဲ အသိုင်းအဝိုင်းတွေ ကြီးပါစေ စိတ်ဓာတ်မကောင်းရင် မပျော်ရွှင်ရဘူးပေါ့နော်။ သူ့ကို တကယ်ချစ်ပေးနိုင်မယ့်သူ၊ တစ်သက်လုံး ဂရုစိုက်ပေးနိုင်မယ့် လူနဲ့ပဲဖြစ်စေချင်ပါတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၅ ရက်နေ့က ပတ္တမြား FM ၁၀ နှစ်ပြည့်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့ကြတာပါ။

Photo: Wint Yee Shun

ဒါပေမယ့် ခင်ဝင့်ဝါ အရမ်းသဘောကျတဲ့ ကောင်လေးတစ်ယောက်ရှိတယ်လို့ ဝိုင်းလေးက ပြောပါတယ်။ သူကတော့ တောင်ကိုရီးယား မင်းသားချောလည်းဖြစ်၊ ဒုဥက္ကဌ လို့ ပရိသတ်တွေ သိထားကြတဲ့ Park Seo Joon ပဲဖြစ်ပါတယ်။

‘’ သူ သဘောကျတဲ့ ကိုရီးယားမင်းသားနဲ့လည်း အဆင်ပြေကောင်းပြေမှာပေါ့။ သူကြိုက်တဲ့ မင်းသားက Park Seo Joon လားဘာလား မသိဘူး။ ညီမကတော့ ပုဆိုးဂျွန်လို့ ခေါ်တာပဲ။ သူကအရမ်းကြိုက်တာ ကိုရီးယားကားတွေ ကြည့်ပြီးတော့ အသည်းတွေ ယားနေတာ။ ကိုယ်လည်း အဲ့ဒီလိုပါပဲ။ တကယ်တော့ ကိုရီးယား idol တွေက ပြောမယ့်သာ ပြောတာပါ မဖြစ်နိုင်ပါဘူး။’’ ဆိုပြီးတော့လည်း သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Wint Yee Shun

ခင်ဝင့်ဝါနဲ့ ဝိုင်းလေးတို့ နှစ်ယောက်ဟာ အရမ်းကိုချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ခင်ဝင့်ဝါနဲ့ ဝိုင်းလေးတို့ သူငယ်ချင်း နှစ်ယောက်မှာ တစ်ယောက်နဲ့ တစ်ယောက် အိမ်ထောင်ရေးအကြောင်းတွေလည်း ဆွေးနွေးဖြစ်တယ်လို့ ဆိုပါတယ်။ ခင်ဝင့်ဝါရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက် ပြီး ဝိုင်းလေးတစ်ယောက် ဘယ်လိုတွေပြောပြလာတယ်ဆိုတာကို Duwun Media ကနေ ပြောပြခဲ့ဖူးပါတယ်။

'' သူက ညီမကို အရင်ကဆိုရင် နင်ယူပြီးမှ ငါယူမယ်လို့ပြောတယ်။ အခုကျတော့ သူက စိတ်ပြောင်းသွားပြီ မယူနဲ့တော့တဲ့ နင်နဲ့ငါ အတူတူနေ မယ်လို့ပြောတယ်။ ငါ နင့်ကိုတော့ မကြိုက်ဘူးနော်လို့တော့ ပြောပစ်လိုက်တယ်။ အရင်တုန်းကတော့ သူက လေယာဉ်ပျံကြီးပေါ်မှာ မင်္ဂလာဆောင်ချင်တယ်လို့ပြောတယ်။ အခုကျတော့ နေရာပြောင်းသွားပြီ'' လို့ ရယ်ရယ်မောမောနဲ့ ပြောခဲ့ပါတယ်။

Photo: Wint Yee Shun

Miss Myanmar World 2014 ဝိုင်းလေးနဲ့ Miss Supranational Myanmar 2013 ခင်ဝင့်ဝါတို့ဟာ အလှမယ်ဖြစ်ရုံသာမက အနုပညာလမ်းကြောင်းပေါ်မှာ အတူတူ လျှောက်လှမ်း နေကြသူတွေလည်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း အရင်တုန်းကထက်ပိုပြီး နွေးထွေးတဲ့ ဆက်ဆံရေးမျိုး တိုင်ပင်ဖော် တိုင်ပင်ဖက်ကောင်းအဖြစ်နဲ့လည်း ခင်မင်လျှက်ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ခင်ဝင့်ဝါက သရုပ်ဆောင်တစ်ယောက်အဖြစ် အလုပ်တွေ လုပ်နေတာဖြစ်သလို ဝိုင်းလေးကလည်း ဂီတအလုပ်တွေကို တစိုက်မတ်မတ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က