အလှူအတန်းရက်ရောသူ တစ်ယောက်ဖြစ်သလို ဘာသာရေးကိုင်းရှိုင်းတဲ့သူ တစ်ယောက်ဖြစ်တဲ့ အဆိုတော် ပိုပိုဟာ သစ်တံခါး ဆရာတော် ကျောင်းမှာ ဝဇီပိတ် ပဋ္ဌာန်း အဓိဋ္ဌာန် ဝင်နေတယ်လို့ သိရပါတယ်။သစ်တံခါး ဆရာတော်ကျောင်းမှာ သတ်သတ် လွတ် စားကာ ဝဇီပိတ် ပဋ္ဌာန်း အဓိဋ္ဌာန်အဖြစ် (၃) ရက်တိတိဝင်တော့မယ်ဆိုတဲ့အကြောင်းကိုလည်း ပရိသတ်ကို ပြောပြထားပါတယ်။
Photo : ပိုပို FB
အလှူအတန်းရက်ရောသူ တစ်ယောက်ဖြစ်သလို ဘာသာရေးကိုင်းရှိုင်းတဲ့သူ တစ်ယောက်ဖြစ်တဲ့ အဆိုတော် ပိုပိုဟာ သစ်တံခါး ဆရာတော် ကျောင်းမှာ ဝဇီပိတ် ပဋ္ဌာန်း အဓိဋ္ဌာန် ဝင်နေတယ်လို့ သိရပါတယ်။သစ်တံခါး ဆရာတော်ကျောင်းမှာ သတ်သတ်လွတ်စားကာ ဝဇီပိတ် ပဋ္ဌာန်း အဓိဋ္ဌာန်အဖြစ် (၃) ရက်တိတိဝင်တော့မယ်ဆိုတဲ့အကြောင်းကိုလည်း စက်တင်ဘာ(၂) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။
"ဒီနေ့ နေ့လည်မှစပြီး ၃ရက်တိတိ သစ်တံခါး ဆရာတော် ဘုရား ကျောင်းမှာ သတ်သတ်လွတ်စား ဝဇီပိတ် ပဋ္ဌာန်း အဓိဋ္ဌာန် ဝင်ပါတော့ မည်ဖြစ်ပါသည် ။ အလုပ်ဖုန်းအိမ်မှာထားခဲ့ပါသဖြင့် ပြောစရာ မှာစရာရှိတာများကို Manager နှင့် မှာထားလို့ရပါသည် " ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။စက်တင်ဘာ(၅) ရက်နေ့မှ တရားစခန်းက ပြန်ထွက်လာမယ်လို့လည်း ေ ပြာထားပါသေးတယ်။
Photo : ပိုပို FB
ဘယ်နေရာရောက်ရောက် အလှူအတန်းရက်ရောသူလေး ပိုပိုဟာ သြဂုတ်လ(၃၀) ရက်နေ့က အလှူတစ်ခု ပြုလုပ်ခဲ့ပါသေးတယ်။ အောင်မြင်ဗာဟု ဘုရား သွားဖူးရင်း တိုက်တိုက်ဆိုင်ဆိုင် ဘုရားကြီးရဲ့ အမိုးဆောက်လုပ်လှူဒါန်း၊ ပန္နက် ရိုက်လှူဒါန်းပွဲမှာ လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
သူမအနေနဲ့ ယင်းအလှူမှာ အလှူငွေ (၂)သိန်း ထည့်ဝင်လှူဒါန်းခဲ့သလို ရှေးဟောင်းသစ်ကနက် ဗုဒ္ဓ ရုပ်ပွားတော်သတင်းသုံးမည့် အဆောက်အဦးမှာ သူမရဲ့ စိန်နားကပ်လေးကို ဌာပနာအဖြစ် ထည့်ဝင်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
Photo : ပိုပို FB
ပိုပိုအနေနဲ့ သူမပြုလုပ်တဲ့ အလှူဒါနများကိုလည်း ပရိသတ်များနဲ့ (၇) ရက်သားသမီးများ သာဓုခေါ်နိုင်ဖို့အတွက် အမျှပေးဝေထား ပါသေးတယ်။ ပိုပိုဟာ ဘာသာရေးကို ကိုင်းရှိုင်းသူ တစ်ဦးဖြပြီး အလှူအတန်းတွေနဲ့ ပတ်သက်လာရင်လည်း လက်မနှေးတဲ့ အနုပညာရှင် ဖြစ်ပါတယ်။နေ့စဉ် သံဃာတော်များအတွက် ဆွမ်းဆပ်ကပ်လှူဒါန်း သလို မကြာခဏဆိုသလိုလည်း အလှူအတန်းတွေပြု လုပ်တက်သူတစ်ဦး လည်း ဖြစ်ပါတယ်။
Photo : ပိုပို FB
၂၀၁၇ ခုနှစ်က ထွက်ရှိထားတဲ့ အဆိုတော် ပိုပိုရဲက Master Piece စီးရီးခွေကို မကြာခင်မှာ MTV အဖြစ် တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ အမိုက်စား ရိုက်ကူးမှုတွေ ပါဝင်ထားတဲ့ ပိုပိုရဲ့ Master Piece MTV & DVD အခွေကို စက်တင်ဘာ(၉)ရက်နေ့မှာ The Sun ကနေ တဆင့် မြန်မာပြည်အနှံ့ ဖြန့်ချီသွားမှာ ဖြစ်တယ်လို့ ပိုပိုကဆိုပါတယ်။
"Po Po ရဲ့ Master piece MTV & DVD အခွေ အမိုက်စား ရိုက်ချက်တွေ နဲ့ သီချင်းအလန်းစားတွေကို 9.9.2018 မှာ The Sun မှတဆင့် မြန်မာပြည်အနှံ ဖြန်ချီတော့မှာပါ။ အားပေးဖို့ ready ဘဲလား ချစ်လေးတို့" ဆိုပြီး သြဂုတ်လ(၂၂) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ရေးသားထားတာတွေ့ရပါတယ်။
Photo : ပိုပို FB
ပိုပိုဟာ ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့အဆိုရှင် တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ် တွေကြား ရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာ ပရိသတ်တွေအခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။
အဲ့ဒီသီချင်းဟာလည်း သူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။ အဆိုတော်ပိုပိုကတော့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece တစ်ကိုယ်တော် Audio CD ကိုလည်း အခုတစ်ခါ ထွက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။
Photo : ပိုပို FB
ပိုပိုပါဝင်ထားတဲ့ "ကြောက်ကြောက်ကြောက်" ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကတော့ သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။
Share