SDG 898 SoC သုံးလာမယ့်ဖုန်းပါ

ဒီဇင်ဘာလဆန်းပိုင်းမှာ မိတ်ဆက်လာနိုင်တဲ့ Xiaomi ရဲ့ Flagship ဖုန်းသစ်မှာ Leica ကင်မရာနည်းပညာ သုံးလာဖို့ ရှိပါတယ်။ 

Xiaomi ရဲ့ Flagship ဖုန်းသစ် Xiaomi 12 lineup သစ်မှာ Xiaomi 12 အပြင် Xiaomi 12 Pro နဲ့ Xiaomi 12 Ultra ဆိုပြီး ပိုပြီး high-end ကျတဲ မော်ဒယ်တွေလည်း ထွက်လာမှာပါ။ Xiaomi 12 စီးရီးရဲ့ အမြင့်ဆုံးဖုန်း Xiaomi 12 Ultra မှာ ဂျာမန်ကင်မရာနည်းပညာ Leica ထုတ်တွေ သုံးလာမယ်လို့ Gizmochina သတင်းက ဖော်ပြထားပါတယ်။



 Photo: Gizchina

Leica နည်းပညာသုံး ကင်မရာတွေကို Huawei က ၂၀၁၉ ကစပြီး ကုမ္ပဏီရဲ့ flagship ဖုန်းတွေမှာ စပြီး သုံးလာခဲ့တာပါ။ Huawei နဲ့ Leica တို့ ပူးပေါင်းမှုဟာ ဒီနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး Huawei P50 series အထိ Leica နည်းပညာနဲ့ လာမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလထဲမှာ tipster တစ်ဦးဖြစ်တဲ့ Teme က Leica ဟာ ကုမ္ပဏီအမှတ်တံဆိပ်အတွက် ထုတ်လုပ်သူသစ်တစ်ဦး ရှာနေပြီး Honor ၊ Xiaomi ၊ Sharp တစ်ခုခုနဲ့ ပူးပေါင်းသွားဖို့ ရှိတယ်ဆိုပြီး ခန့်မှန်းခဲ့ပါတယ်။ 

Xiaomi 12 စီးရီးဟာ Qualcomm ရဲ့ နောက်ဆုံးပေါ် Chipset သစ်ဖြစ်တဲ့ Snapdragon 898 SoC ကို ပထမဆုံး သုံးလာမယ့်ဖုန်းတွေလို့လည်း သတင်းကြီးနေပါတယ်။ လောလောဆယ် ကြားနေရတဲ့ အချက်အလက်တွေအရ Xiaomi 12 Ultra ကို ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ ‌ဈေးကွက်ထဲ ဖြန့်ချိလာဖို့ ရှိပြီး ဒီဖုန်းတွေမှာ 50MP ကင်မရာသုံးလုံး သုံးလာမယ်လို့ သတင်းထွက်နေပါတယ်။ ဒီကင်မရာသုံးလုံးထဲက တစ်ခုဟာ 5x optical zoom ပံ့ပိုးမှုပါ 1/1.2 လက်မ Periscope zoom သုံးလာနိုင်ပါတယ်။ 

Xiaomi 12 Ultra ဟာ Ultrasonic မှန်ပြင်အောက်လက်ဗွေနည်းပညာပါလာပြီး ဒီဇိုင်းပိုင်းမှာ Xiaomi 11 Ultra နဲ့ သိပ်ကွာဖို့ မရှိပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က