ဒီဇင်ဘာ ၁ ရက်နေ့ ကြေညာမယ်ဆိုတဲ့ Xiaomi 13 စီးရီးမိတ်ဆက်ပွဲအပြင် Huawei ၊ iQOO နဲ့ MediaTek တို့ရဲ့ ထုတ်ကုန်သစ် မိတ်ဆက်ပွဲတွေ အကုန် ရက်ရွှေ့သွားခဲ့ပါတယ်။
တရုတ်ရဲ့ ထိပ်တန်းနာမည်ကျော် ထုတ်ကုန်သစ်တချို့ မိတ်ဆက်ပွဲ ရက်ရွှေ့သွားတာ အကြောင်းရှိပါတယ်။ အဲ့ဒါကတော့ တရုတ်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးဟောင်း နဲ့ သမ္မတဟောင်း ကျန်ဇီမင်း ကွယ်လွန်သွားတာကြောင့်ဖြစ်ပါတယ်။ ထုတ်ကုန်သစ် မိတ်ဆက်မှုတွေ ဆိုင်းငံ့လိုက်တာလို့ Xiaomi ၊ Huawei ၊ iQOO နဲ့ MediaTek တို့ရဲ့ တရားဝင် Weibo အကောင့်ပေါ်ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။
Photo: GSMArena
Xiaomi ကုမ္ပဏီဟာ ဒီဇင်ဘာ ၁ ရက်နေ့ ဘေဂျင်းစံတော်ချိန် ညနေ ၇ နာရီမှာ MIUI 14 နဲ့အတူ Xiaomi 13 စီးရီး နဲ့ တခြားထုတ်ကုန်အမျိုးမျိုး ကြေညာဖို့ စီစဉ်ထားတာပါ။ Huawei ကလည်း ဒီဇင်ဘာ ၂ ရက် သောကြာနေ့မှာ စမတ်နာရီသစ်တွေ မိတ်ဆက်ဖို့ ပြင်ဆင်ထားတာပါ။
ဒီဇင်ဘာ ၂ ရက်နေ့မှာပဲ Vivo Sub-Brand တစ်ခုဖြစ်တဲ့ iQOO က iQOO 11 စီးရီး ၊ iQOO Neo 7 SE တို့ကို မိတ်ဆက်ဖို့နဲ့ MediaTek Dimensity 8200 Chipset သစ်တို့ ထွက်ရှိဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီထုတ်ကုန်တွေ ဘယ်အချိန်မှာ မိတ်ဆက်ပွဲပြန်လုပ်မလဲတော့ မသိရသေးပါဘူး။