မြန်မာငွေ ၁ သိန်း ၂ သောင်းခွဲကျော်တန် ဖုန်းပါ

မြန်မာငွေ ၁ သိန်းခွဲအောက်တန် entry-level ဗားရှင်း Andriod Go ဖုန်းတစ်မျိုးကို Xiaomi မှ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Photo:slashgear



         Redmi Go နာမည်နဲ့ထွက်လာတဲ့ ဒီဖုန်းဟာ Google ရဲ့ Android Go စနစ် သုံးထားတဲ့ ဖုန်းပါ။ Go Edition တွေဟာ Google Apps တွေ ဖြစ်တဲ့ Google Maps ၊ Google Assistant ၊ YouTube စတဲ့ အက်ပလီကေးရှင်းတွေကို Go ဗားရှင်းနဲ့သုံးနိုင်မှာ ဖြစ်ပြီး RAM / memory နည်းတဲ့ specs အနိမ့်နဲ့ဖုန်းတွေအတွက် ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းက မိတ်ဆက်ခဲ့တာပါ။

         Android Go ပရောဂျက်ဝင် ဖုန်းတွေဟာ အများဆုံး RAM 1GB အထိ ပဲ ပါရှိပြီး လိုင်းဆွဲအားကောင်းကောင်း နဲ့ storage မစားအောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ Redmi Go ဟာ မျက်နှာပြင် ၅ လက်မ 720p display နဲ့လာပြီး ကိုယ်ထည်ဒီဇိုင်းအချိုးကလည်း ရိုးရိုး 16:9 aspect ratio သုံးထားပါတယ်။

         processor အနေနဲ့Qualcomm ရဲ့ 1.4GHz quad-core Snapdragon 425 processor သုံးထားပြီး ကျောဘက် 8MP ကင်မရာနဲ့ရှေ့ဘက် 5MP selfie ကင်မရာတို့ပါရှိပါတယ်။ ဒီဖုန်းဟာ RAM 1GB နဲ့အတူ storage ကို 8GB/16GB နှစ်မျိုးနှစ်စား နဲ့မိတ်ဆက်ထားပြီး Hybrid slot အမျိုးအစား ဖြစ်လို့SIM တစ်ကဒ် နဲ့microSD card ဖြစ်စေ dual SIM ဖြစ်စေ သုံးနိုင်မှာပါ။

         ဘက်ထရီပိုင်းမှာ screen နဲ့စာရင် အကြီးစားလို့ဆိုနိုင်တဲ့ 3000 mAhဘက်ထရီ ဖြစ်ပြီး OS စနစ်ကတော့ Android 8.1 ကို အခြေခံထားတဲ့ Android Go နဲ့လာပါတယ်။ ဒီဖုန်းကို ဈေးကွက်မှာ ယူရို ၈၀ (မြန်မာငွေ ၁ သိန်း ၂ သောင်းခွဲကျော် ) ဈေးနဲ့ရောင်းချသွားမယ်လို့ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က