DBG Technology နဲ့ တွဲပြီး ထုတ်လုပ်နေတာပါ

တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ဟာ ဗီယက်နမ်နိုင်ငံမှာ စမတ်ဖုန်းအစိတ်အပိုင်းထုတ်လုပ်မှုပိုင်း ရင်းနှီးမြှပ်နှံထားတယ်လို့ ဆိုပါတယ်။ 



Xiaomi အနေနဲ့ ဒေသတွင်းဈေးကွက်ဦးဆောင်သူဖြစ်တဲ့ Samsung နဲ့ ယှဉ်ပြီး ဖုန်းအစိတ်အပိုင်းထုတ်လုပ်မှု လုပ်လာတာလို့ Nikkei သတင်းက ဖော်ပြပါတယ်။ ဗီယက်နမ်ရဲ့ တိုးမြင့်လာတဲ့ ဒေသတွင်း စမတ်ဖုန်းဝယ်လိုအားကို ဖြည့်စွမ်းဖို့ နဲ့ ထိုင်း ၊ မလေးရှားအပါအဝင် အရှေ့တောင်အာရှဈေးကွက်တွေထဲ ဖုန်းတင်ပို့မှု လုပ်ဖို့အတွက် Xiaomi ဟာ ဗီယက်နမ်မှာ ဖုန်းထုတ်လုပ်ဖို့ စီစဉ်လာတာပါ။



ဗီယက်နမ်မှာ ဖုန်းထုတ်လုပ်ဖို့အတွက် Xiaomi ဟာ တရုတ်အီလက်ထရွန်းနစ်ထုတ်လုပ်ရေးကုမ္ပဏီ DBG Technology နဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ DBG Technology ဟာ ဗီယက်နမ်မှာ စတုရန်းမီတာ ၂ သိန်းကျယ်တဲ့ စက်ရုံတစ်ရုံ ရှိပြီး ဒေါ်လာ သန်း ၈၀ ခန့် ရင်းနှီးမြှပ်နှံမှုလုပ်ထားပါတယ်။ ဒီစက်ရုံကနေ ဒေတာဆက်သွယ်ရေးပစ္စည်းအစိတ်အပိုင်းတွေနဲ့ ဆားကစ်ဘုတ်ပြားတွေလည်း ထုတ်လုပ်ပါတယ်။ 

Xiaomi ဟာ အရင်က တရုတ်နဲ့ အိန္ဒိယမှာပဲ စမတ်ဖုန်းတွေ ထုတ်လုပ်ခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် Supply Chain ပြဿနာတွေ ရှိလာပြီး ရောင်းအားတွေပါ ကျလာချိန်မှာ ကုမ္ပဏီအနေနဲ့ ထုတ်လုပ်ရေးလုပ်ငန်းခွင်နေရာတွေ တိုးချဲ့ဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ စမတ်ဖုန်းထုတ်လုပ်ရေးလုပ်ငန်းကြီးတွေ မျက်စိကျနေတဲ့ နိုင်ငံဖြစ်ပြီး Samsung ကလည်း ဒီနှစ် ဖေဖော်ဝါရီလထဲ ဗီယက်နမ်နိုင်ငံအတွင်း ရင်းနှီးမြှပ်နှံမှုတွေ တိုးမြှင့်လာပါတယ်။ 

Samsung ဟာ ဖုန်းထုတ်လုပ်မှုရဲ့ ထက်ဝက်ကို တာဝန်ယူထားတဲ့ ဗီယက်နမ် Samsung စက်ရုံရဲ့ ဆားကစ်ဘုတ်နဲ့ ကင်မရာ module ထုတ်လုပ်ရေးပိုင်းအတွက် ဒေါ်လာ သန်း ၉၂၀ အသစ် ရင်းနှီးမြှပ်နှံလိုက်တာပါ။ တောင်ကိုရီးယားကုမ္ပဏီ Samsung ဟာ မြောက်ပိုင်းဗီယက်နမ်မှာ စက်ရုံနှစ်ရုံတည်ထားပြီး နိုင်ငံအတွင်း လူပေါင်း ၁ သိန်းကို အလုပ်ပေးထားတယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က