display သုံးခုဖြစ်အောင် ခေါက်နိုင်မှာပါ

     ၂၀၁၈ မှာ display ကို ခေါက်သိမ်းထားလို့ရတဲ့ FlexPai လို ဖုန်းတွေမြင်ခဲ့ရပါတယ်။ Xiaomi ကတော့ display ကို သုံးခုအထိ ဖြစ်အောင် ခေါက်နိုင်မယ့် foldable device တစ်မျိုးကို ထုတ်လုပ်နေပြီလို့ယူဆရပါတယ်။

         ကမ္ဘာ့အကြီးဆုံး အိုင်တီပြပွဲတွေထဲက တစ်ခု ဖြစ်တဲ့ CES 2019 ကျင်းပဖို့ရက်အနည်းငယ်အလိုမှာ နာမည်ကြီး စမတ်ဖုန်းသတင်းသမား Evan Blass ရဲ့ Twitter မှာ Xiaomi က ထုတ်လုပ်ထားဖွယ်ရှိတဲ့ foldable တက်ဘလက်ဆန်းတစ်မျိုးကို တင်ခဲ့တာပါ။ Evan ကတော့ ဒီဗွီဒီယိုနဲ့ပစ္စည်းက အမှန်အကန် ဟုတ်မဟုတ် မပြောနိုင်ဘူးလို့ဝန်ခံထားပေမယ့် ဗွီဒီယိုထဲက device က တကယ်ကို အလုပ်လုပ်နိုင်တဲ့ ထုတ်ကုန်ဖြစ်နေပါတယ်။



         သူ့အထင် ဒါဟာ Xiaomi က လုပ်ထားတဲ့ တက်ဘလက်လို့ ပြောထားပါတယ်။ Xiaomi ထုတ်ကုန် ဟုတ်မဟုတ် မသေချာပေမယ့် ၂၀၁၈ ဇူလိုင်မှာကတည်းက Xiaomi လည်း ခေါက်သိမ်းနိုင် ဖုန်းတွေ ထုတ်နေပြီဆိုတဲ့ သတင်းတွေက ပွထနေခဲ့တာပါ။ အခုခေါက်သိမ်းနိုင် device မှာ ထူးခြားတာက display ကို သုံးခေါက်ဖြစ်အောင် ခေါက်ထားလို့ရတာ ဖြစ်ပြီး FlexPai နဲ့Samsung ရဲ့ Infinity Flex တို့ကတော့ ထက်ဝက်ချိုးပဲ ခေါက်ထားနိုင်တာ ဖြစ်ပါတယ်။

         foldable phone တွေ ခေတ်စားနေတာ နှစ်နဲ့ချီ ကြာနေပြီဆိုပေမယ့် တကယ်တမ်း ဈေးကွက်ထဲကို ရောက်လာတာကတော့ Royole Corp ထုတ် FlexPai ဖုန်းပဲ ဖြစ်ပါတယ်။ အောက်တိုဘာ ၃၁ ရက်နေ့က မိတ်ဆက်သွားတဲ့ FlexPai ဟာ ဖုန်း display အခေါက်အပိတ်ကို အကြိမ်ပေါင်း ၂ သိန်းကျော် ဖွင့်ပိတ်နိုင်တယ်လို့ကုမ္ပဏီက ကြေငြာထားပါတယ်။ ကိုယ်ပိုင် Water OS စနစ်နဲ့လာတဲ့ FlexPai ရဲ့ ဈေးနှုန်းကတော့ အနည်းဆုံး ၈၉၉၉ ယွမ် (မြန်မာငွေ သိန်း ၂၀ ကျော်) က စတင်ပါတယ်။

         FlexPai ကို မိတ်ဆက်ပြီး ချက်ချင်းဆိုသလို Samsung ကလည်း Infinity Flex Display နည်းပညာသစ်ကို မိတ်ဆက်ပြသခဲ့ပါတယ်။ ဒီနှစ် နှစ်လယ်ပိုင်းမှာ ဈေးကွက်ထဲ ရောက်လာဖို့ရှိတဲ့ Samsung ရဲ့ foldable phone ကတော့ Samsung UI သစ်ဖြစ်တဲ့ One UI နဲ့လာပြီး ဈေးကွက်ထဲ အနည်းဆုံး အလုံးရေ ၁ သန်းကနေ စတင် ဖြန့်ချိသွားမယ်လို့ဆိုပါတယ်။

Photo: neowin

         နောက်ထပ် စမတ်ဖုန်းကုမ္ပဏီတွေ ဖြစ်တဲ့ Huawei ကလည်း Huawei Mate 20 မိတ်ဆက်ပွဲမှာ 5G ရတဲ့ Foldable phones တွေ ထုတ်လုပ်နေတယ်လို့ပြောထားပါတယ်။ တကယ်လို့Xiaomi အနေနဲ့foldable phone ထုတ်နေပြီဆိုရင်တော့ ရှေ့တစ်ပတ် CES 2019 ပွဲမှာ ကြေငြာသွားဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က