တစ်ပတ်အတွင်း ဒုတိယမြောက် ပေါက်ကွဲခဲ့တဲ့ဖုန်းပါ

OnePlus Nord 2 5G ဖုန်း မီးလောင်ပေါက်ကွဲတဲ့သတင်းတွေ တက်လာပြီး မကြာခင်မှာ နောက်ထပ်တရုတ်ဖုန်းတစ်လုံး မီးလောင်တဲ့သတင်း ထွက်ပေါ်လာပါတယ်။


အခုတစ်ခေါက် ပေါက်ကွဲတဲ့ဖုန်းဟာ Xiaomi Mi 11 Lite 4G မော်ဒယ်ဖြစ်ပြီး အားသွင်းနေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ကာယကံရှင်က Twitter ပေါ်မှာ ပုံ ၄ ပုံနဲ့တကွတင်ပြီး ဖော်ပြခဲ့တာပါ။ Pathala Lava Kumar @Prudhvi41862514 ဆိုတဲ့ Twitter user က ရေးခဲ့တာ ဖြစ်ပြီး ဒီ Tweet ကို နောက်ပိုင်းမှာ သူ့ဘာသာ ပြန်ဖျက်သွားပါတယ်။ အခုဖြစ်စဉ်လည်း အိန္ဒိယမှာပဲ ဖြစ်ပွားခဲ့တာပါ။ 



ပေါက်ကွဲမှုဖြစ်ခဲ့သည်ဆိုသည့် Xiaomi ဖုန်း (Photo: rprna)

လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့တဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး Xiaomi ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဖြစ်စဉ်ကို စုံစမ်းနေပြီး အမြန်ဆုံး ဖြေရှင်းပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

"Xiaomi India မှာ ဖောက်သည်ဘေးကင်းမှုက အရေးကြီးဆုံးဖြစ်ပြီး ဒီလိုကိစ္စမျိုးကို အလေးအနက်ထားပါတယ်။ အခုအဆင့်မှာ ကျွန်တော်တို့ အဖွဲ့က ဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေပါတယ်။ စောနိုင်သမျှ စောစော ဖြေရှင်းပေးသွားမှာပါ။ ကျွန်တော်တို့ ထုတ်ကုန်အားလုံးကတော့ အရည်အသွေးကြံ့ခိုင်မှုပိုင်းကို အဆင့်ဆင့် ဖြတ်သန်းပြီးမှ ထုတ်ထားပါတယ်"လို့ ဆိုပါတယ်။


OnePlus Nord 2 မီးလောင်ကြောင်း တင်ခဲ့သည့် Tweet

အခု Xiaomi ဖုန်း ပေါက်ကွဲမှုဟာ ဒီတစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် စမတ်ဖုန်းပေါက်ကွဲမှုဖြစ်ပါတယ်။ ဒီတစ်ပတ်ထဲမှာပဲ OnePlus Nord 2 ဖုန်းဟာ ပိုင်ရှင်ရဲ့ ဘောင်းဘီထဲ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ဖုန်းပိုင်ရှင်ရဲ့ ညာဘက်ပေါင် ဆိုးဆိုးဝါးဝါး မီးလောင်ခဲ့တာကြောင့် ဆေးရုံတင်လိုက်ရပါတယ်။ OnePlus ကုမ္ပဏီဘက်က အခုဖြစ်ရပ်အတွက် ဖုန်းတန်ဖိုးပြန်အမ်းတဲ့အပြင် ဆေးကုသစရိတ်ပါ ထောက်ပံ့ခဲ့တယ်လို့ Kalingatv က ဖော်ပြခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က