အရောင်းအဝယ်ကိစ္စ ထုတ်ပြန်ချက် ထွက်မလာသေးပါဘူး။

ကမ္ဘာ့အကြီးဆုံးဂိမ်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Tencent Games ဟာ Xiaomi ရဲ့ Black Shark ဂိမ်းလုပ်ငန်းကို ဝယ်ဖို့ ပြင်နေတယ်လို့ သတင်းထွက်နေပါတယ်။ 

တရုတ်ဂိမ်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Tencent ဟာ Black Shark Gaming လုပ်ငန်းကို ယွမ် ၃ ဘီလျံ (ဒေါ်လာသန်း ၄၇၀ ခန့်) နဲ့ ဝယ်ဖို့ ရှိတယ်လို့ GSMArena သတင်းက ဖော်ပြပါတယ်။ Black Shark ဟာ Gaming ဖုန်းတွေ အဓိက ထုတ်နေတဲ့ လုပ်ငန်းဖြစ်ပြီး Xiaomi က အဓိကရင်းနှီးမြှပ်နှံထားတာပါ။ Black Shark ကနေ ၂၀၂၁ နှစ်ဆန်းပိုင်းမှာ Black Shark 4 နဲ့ Black Shark 4 Pro ဆိုပြီး Gaming ဖုန်းသစ်နှစ်မျိုးကို ဖြန့်ချိထားပါတယ်။ 



Photo: piunikaweb


လောလောဆယ်မှာ Black Shark ကို ဝယ်ဖို့ Tencent ရဲ့ ချဉ်းကပ်မှုနဲ့ ပတ်သက်လို့ တရားဝင် ထုတ်ပြန်ချက်တွေတော့ ထွက်လာခြင်း မရှိသေးပါဘူး။ တကယ်လို့ အရောင်းအဝယ်ဖြစ်သွားမယ်ဆိုရင် Black Shark ဟာ စီးပွားရေးပုံစံပြောင်းလဲမှု လုပ်ဆောင်သွားဖို့ ရှိပါတယ်။ Tencent ဟာ Black Shark ကို ဂိမ်းဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီအဖြစ်ကနေ ပိုမိုကောင်းမွန်တဲ့ မိုဘိုင်းဂိမ်းအတွေ့အကြုံသစ်တွေကို သုံးစွဲသူတွေဆီ ပေးနိုင်အောင် ပေါင်းစည်းသွားဖို့ ရှိပါတယ်။ 

Black Shark ကို ၂၀၁၇ ခုနှစ်မှာ Xiaomi ရဲ့ ငွေရင်းနဲ့ စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး တရုတ်ဈေးကွက်လေ့လာရေးပလက်ဖောင်း Tianyancha ရဲ့ အချက်အလက်တွေအရ Xiaomi ပိုင် Tianjin Venture Capital Industrial Co က Black Shark ရှယ်ယာအစုရဲ့ ၄၆.၄% ကို ပိုင်ဆိုင်တယ်လို့ သိရပါတယ်။ Black Shark ပူးတွဲတည်ထောင်သူနဲ့ လက်ရှိ CEO လောင် ယူဇောင်ဟာ အရင်က Huawei စားသုံးသူရေးရာစီးပွားရေးဌာန ဒုဥက္ကဌအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။ 

အရင်ကလည်း Tencent Games ဟာ ASUS ၊ Nubia တို့လို စမတ်ဖုန်းကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ROG Phone II နဲ့ Red Magic စီးရီးဖုန်းတွေထုတ်ခဲ့သလို ဖုန်းတွေမှာလည်း တရုတ်နိုင်ငံအတွက် Tencent ရဲ့ customized လုပ်ထားတဲ့ Elite ဗားရှင်း ထည့်သွင်းခဲ့ပါတယ်။ Black Shark ကို ဝယ်နိုင်ခဲ့ရင်တော့ Tencent အနေနဲ့ Xiaomi ဖောက်ပြီးသား နိုင်ငံတကာဈေးကွက်လမ်းကြောင်းအတိုင်း ဂိမ်းစီးပွားရေးဖြန့်ကျက်နိုင်ဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က