Xiaomi ဖုန်းတွေထဲမှာ Redmi စီးရီးထဲက 200MP ကင်မရာစနစ်ကို ပထမဆုံး သုံးလာဖို့ ရှိပါတယ်။
200MP ကင်မရာစနစ်ကို စမတ်ဖုန်းဈေးကွက်မှာ Motorola က ပထမဆုံး မိတ်ဆက်သွားမယ်လို့ သတင်းကြီးနေပါတယ်။ 200MP Moto ဖုန်းကို ဇူလိုင်လထဲ ကြေညာမယ်လို့ ယူဆထားပေမယ့် အခုတော့ ဈေးကွက်ထဲ မိတ်ဆက်ဖို့ ရက်ရွှေ့ထားတဲ့ပုံပါပဲ။ Motorola ပြီးရင် Xiaomi က ဒုတိယမြောက် 200MP ကင်မရာစနစ် သုံးလာမယ့် ဖုန်းတစ်လုံးအဖြစ် ဈေးကွက်ထဲ ဝင်ရောက်ဖို့ ရှိပါတယ်။
လက်ရှိ ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေအရ Xiaomi Redmi K50S Pro ဟာ Xiaomi ရဲ့ ပထမဆုံး 200MP ကင်မရာဖုန်းဖြစ်လာမယ်လို့ ဆိုပါတယ်။ Redmi K50s Pro သစ်ဟာ Flagship Processor သစ်ဖြစ်တဲ့ Snapdragon 8+ Gen 1 Chipset သုံးထားပြီး RAM 8GB/128GB နဲ့ 12/256GB ဗားရှင်းဆိုပြီး ဗားရှင်းနှစ်မျိုး သုံးလာမယ်လို့ သတင်းထွက်နေပါတယ်။ စမတ်ဖုန်းသတင်းပေးတစ်ဦးဖြစ်တဲ့ Yogesh Brar ရဲ့ သတင်းအရ Redmi K50s Prဟော ကျောဘက် 200MP Main Camera နဲ့အတူ 8MP Ultrawide နဲ့ 2MP Macro Lens တို့ သုံးမယ်လို့ ဆိုပါတယ်။
မျက်နှာပြင်ဆိုဒ် ၆.၆၇ လက်မ AMOLED Display ဟာ 120Hz Refresh Rate နဲ့ HDR 10+ Support စနစ် ပါရှိမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ Redmi K50s Pro မှာ 5000mAh ဘက်ထရီနဲ့ 120W Fast Charging အားသွင်းစနစ် သုံးလာမယ် ဆိုတဲ့သတင်းတွေကိုလည်း Brar က အတည်ပြုပါတယ်။
Redmi K50s စီးရီးဟာ ကမ္ဘာ့ဈေးကွက်မှာ Xiaomi 12T နဲ့ Xiaomi 12T Pro အဖြစ် နာမည်ပြောင်းပြီး ဈေးကွက်ဝင်ဖို့လည်း ရှိပါတယ်။ လက်ရှိအချိန်အထိတော့ Redmi K50s နဲ့ K50s Pro တွေ ဈေးကွက်ထဲ မိတ်ဆက်မယ့်ရက် မသိရသေးပါဘူး။