ရာမို့စ်ရဲ့ဒဏ်ရာပြသနာကြောင့် တင်းမာမှုနဲ့ အံ့ဩစရာတွေ ဖြစ်ခဲ့တယ်လို့တော့ ဝန်ခံခဲ့ပါတယ်။

ပီအက်စ်ဂျီအားကစားဒါရိုက်တာလီယိုနာဒိုက ရာမို့စ်ကြောင့် အသင်းတွင်းမှာ အံ့အားသင့်စရာတွေနဲ့ တင်းမာမှုတွေဖြစ်ပေါ်ခဲ့တာမှန်ပေမယ့်လည်း လက်ကျန်ဘောလုံးရာသီဝက်မှာ ဒီကစားသမားက သူတို့အတွက် အရေးကြီးတယ်လို့ ပြောဆိုလိုက်ပါတယ်။ အသက် ၃၅ နှစ်အရွယ် ရာမို့စ်ဟာ ရီးရဲလ်ကနေ အလွတ်ပြောင်းရွှေ့လာပြီးနောက် ဒဏ်ရာကြောင့် အသင်းအတွက် ကစားပေးနိင်ဖို့ လအတန်ကြာ အနားယူခဲ့ရပါတယ်။ 



ပီအက်စ်ဂျီဟာ ရာမို့စ်၊ မက်ဆီ၊ ဒွန်နာရမ်မာနဲ့ ဝိုင်နယ်ဒမ်တို့ကို အလွတ်ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး စျေးကွက်အတွင်း အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ ကျန်ကစားသမားတွေကတော့ အသင်းအတွက် ပွဲအတန်အသင့်ကစားပေးပြီးဖြစ်ပေမယ့် ရာမို့စ်ကတော့ ၁ ပွဲတည်းသာ ကစားပေးထားရပြီး ပီအက်စ်ဂျီအတွက် ဒီအပြောင်းအရွှေ့က အကျိုးယုတ်စေခဲ့တယ်လို့ ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။ 

လီယိုနာဒိုက "သူ လေးငါးလလောက အနားယူရမယ်လို့ ကျွန်တော်တို့မထင်ထားခဲ့ပါဘူး၊ ရီးရဲလ်နဲ့နောက်ဆုံးရာသီမှာ သူ ဒဏ်ရာတွေရခဲ့တာသိပါတယ်၊ ဒါကြောင့်လည်း သူ့ကိုကိုင်တွယ်ရတော့မယ်ဆိုတာ ကျွန်တော်သိပါတယ်၊ အံ့ဩစရာတွေရှိခဲ့တာတော့ အမှန်ပါပဲ၊ တင်းမာမှုတချို့လည်းရှိခဲ့ပါတယ်၊ သူနဲ့အတူ ပြင်ဆင်မှုတွေလုပ်ခဲ့ရပါတယ်၊ အခုတော့ သူ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပါပြီ"

"သူက ဒုတိယရာသီဝက်မှာ ကျွန်တော်တို့အတွက် တကယ်အရေးပါတဲ့သူဖြစ်လာမှာပါ" လို့ ပြောဆိုခဲ့ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။ ရာမို့စ်ဟာ ပီအကစ်ဂျီနဲ့ စာချုပ်သက်တမ်း ၂ နှစ်ချုပ်ဆိုထားခဲ့သူဖြစ်ပြီး လုပ်ခလစာမြင့်မြင့်မားမားရရှိမယ်လို့ ယုံကြည်ရပါတယ်။ ပီအက်စ်ဂျီက ချန်ပီယံလိဂ်ဖလားရယူဖို့ရည်မှန်းထားပြီး ရာမို့စ်လို အတွေ့အကြုံရင့်ကစားသမားကို ခေါ်ယူခဲ့ပေမယ့် အခုချိန်ထိ မှန်းချက်နဲ့နှမ်းထွက်မကိုက်သေးတာလည်းဖြစ်ပါတယ်။ 

Share

က္က