ရန်ကုန်မှာ ဆိုင်သစ်ဖွင့်လိုက်တာ သိပ်မကြာသေးတဲ့ ချောင်းသာက နာမည်ကြီး ပီနန်းငါးကင်ဆိုင်လေး မှာ တော့ လာစားကြတဲ့သူတွေအုံနေအောင်ကိုရောင်းရပါတယ်။ အဓိကကတော့ မလေးရှားနိုင်ငံ ပီနန်းမြို့က အရသာအတိုင်း စားနိုင်အောင် လို့ ဆိုင်ရှင်က ရောင်းနိုင်တဲ့အတွက် ခုလိုလူတွေ အုံခဲနေအောင် ရောင်းရတာဖြစ်တယ်လို့ သိရပါတယ်။
ပီနန်း ငါးကင်ဆိုင် စဖွင့်ခဲ့ပုံ
ချောင်းသာမှာ နာမည်ကြီးတဲ့ ပီနန်း ငါးကင်ဆိုင်ရဲ့ ဆိုင်ရှင်ကတော့ မြန်မာနိုင်ငံမှာ ဆိုင်ဖွင့်ပြီးရောင်းဖို့ ကိုလွန်ခဲ့တဲ့ (၁၀) နှစ် လောက်ကတည်းက တွေးထားခဲ့တာဖြစ်ပြီး ပထမဦးဆုံးဆိုင်ကိုချောင်းသာ မှာစတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
“အရင်က အမေရိကန်နိုင်ငံ ပီနန်း မှာနေကတည်းက စိတ်ကူးရှိတယ်။ မြန်မာနိုင်ငံမှာ ဘယ်လို ဖွင့်ရင် ကောင်းမလဲဆိုတာ တွေးနေတာပေါ့။ မြန်မာမှာကဒါမျိုးမရှိဘူး။အစပိုင်းတော့အခက်အခဲရှိခဲ့တယ်။ဒါကြောင့်လိုတဲ့မီးဖိုတွေကအစ ပီနန်းကပဲသယ်လာခဲ့တာ။”လို့ ဆိုင်ရှင်က စိတ်ကူးလေးအကြောင်းခုလိုပြောပြခဲ့ပါတယ်။
ချောင်းသာကိုရွေးပြီးဆိုင်စဖွင့်ဖြစ်တာက
မြန်မာတစ်နိုင်ငံလုံးအနှံ့ ဆိုင်ဖွင့်ဖို့အတွက် လိုက်လံကြည့်ခဲ့ပြီး ဆိုင်ဖွင့်ဖို့ ကိုက်ညီမယ့် နေရာတစ်ခုကို လိုက်ရှာခဲ့တာလို့သိရပါတယ်။ နောက်မှာတော့ ပီနန်းမြို့လိုမျိုး ပင်လယ်စာ တွေ ကို လတ်လတ်ဆတ်ဆတ် ရရှိနိုင်ပြီး ပီနန်းနဲ့ရေမြေ သဘာ၀ချင်း ဆင်တူတဲ့ ချောင်းသာ မှာ ဆိုင်လေး ကို စဖွင့်ခဲ့တာ လို့လည်း ဆိုင်ရှင်က ပြောပါတယ်။ချောင်းသာ မှာ ပီနန်း ငါးကင်ဆိုင် ကို မသိတဲ့ လူ မရှိရအောင် ကို နာမည်ကြီး သတင်းမွှေးလွန်း တဲ့ဆိုင်ဖြစ်ပါတယ်။
ပင်လယ်စာချိုချိုတွေသုံးတဲ့ဆိုင်
ဆိုင်ရှင်ဟာဆိုရင် မလေးရှားနိုင်ငံ၊ ပီနန်းမြို့မှာလည်း ဆိုင်ဖွင့်ထားတာဖြစ်ပြီး မြန်မာနိုင်ငံမှာမရှိတဲ့ လိုအပ်တဲ့ပါဝင်တဲ့ပစ္စည်းတွေကိုပီနန်းကနေပဲလေကြောင်းလိုင်း၊ သင်္ဘောတွေ ကနေတဆင့်မှာယူထားတာဖြစ်တယ်လို့သိရပါတယ်။“ပီနန်းကထွက်တဲ့ သဘာ၀ပင်လယ်စာ တွေက ချောင်းသာ က အတိုင်းပဲ ချိုတယ် ရေချို ရေငံစပ် ဖြစ်လို့ ပင်လယ်စာတွေက ပိုချိုတယ်။”လို့ ဆိုင် ကိုချောင်းသာမှာ ဖွင့်တဲ့ အကြောင်း ပြောပြပါတယ်။
မလေးရှားနိုင်ငံပီနန်းမြို့ကအရသာ
ပီနန်းမြို့ကိုသွားစားလိုက်ရသလိုပီနန်းအရသာအတိုင်းစားရမယ့်ဆိုင်လေးဖြစ်ပါတယ်။အခုဆိုရင်လည်း ရန်ကုန်မှာပါ ဆိုင်သစ်လာရောက်ဖွင့်ထားပြီးပြီ ဖြစ်တဲ့အတွက် ဆိုင်ရဲ့ နာမည်ကြီး အစားအစာတွေ ဖြစ်တဲ့ ငါးလိပ်ကျောက်ကင်နဲ့ ကင်းမွန် ရုံးပတေသီး ချဉ်ငံစပ်ကြော် ကတော့လူကြိုက်များပါတယ်။စားသုံးသူတွေမျက်စိရှေ့မှာတင် ချက်ပြပြင်ဆင်ပေးတာဖြစ်လို့ သန့်ရှင်းမှု ရှိမရှိကိုလည်းမျက်မြင်တွေ့နိုင်မှာပဲ ဖြစ်ပါတယ်။
ရန်ကုန် ဆိုင်သစ်ရဲ့ လိပ်စာကတော့
ရန်ကုန် က ပီနန်း ငါးကင်ဆိုင်မှာ၀ယ်ယူ အားပေးချင်တဲ့သူတွေ အနေနဲ့က order အရင် ကြိုတင်ထားပြီး မှာယူနိုင်သလို ဆိုင်မှာလာရောက်ကာလည်းအားပေးနိုင်မှာပါ။ပီနန်းငါးကင်ဆိုင်လေး ရဲ့လိပ်စာကတော့ ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းလမ်းပေါ်မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။