ဒီဇင်ဘာ (၁၅)ရက်ကစပြီးပြေးဆွဲမှာပါ။

ရန်ကုန် -ပဲခူးကို (Aircon Bus)လေးစီးနဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီးတော့ ပြေးဆွဲပေးမယ် လို့ Myanmar Trade Center Co.,Ltd အများပြည်သူ သယ်ယူပို့ဆောင်ရေး အထွေထွေမန်နေဂျာ ဦးမောင်မောင်လွင် က ပြောပါတယ်။

"ခရီးသည် ၄၁ ယောက်ဆန့်တဲ့ ကားနဲ့ ဆွဲမှာ အဝေးပြေးကွင်းထိဆွဲမှာ အဲကွန်းကားတွေနဲ့ဆွဲမယ်။ ယာဉ်အကူပါမယ် ပိုက်ဆံ‌ကောက်လို့မရဘူး ပုံးထဲထည့်ရတဲ့စနစ်ပါဘဲ ၊ခရီးသည်တွေ အဆင်ပြေစေဖို့ပါ လုံလုံခြုံခြုံသွားနိုင်ဖို့ ရည်ရွယ်တယ် " လို့ ဦးမောင်မောင်လွင် ကပြောပါတယ်။

ပဲခူး(ကျွန်းသာယာအဝေးပြေးဝင်း ) ကနေ စော်ဘွားကြီးကုန်း - ဒဂုံဧရာအဝေးပြေးဝင်းထိ တစ်နေ့ ၄ခေါက်ပြေးဆွဲပေးမှာဖြစ်ပြီး ကားခက တစ်ယောက်ကို ၂၀၀၀ ကျပ်သတ်မှတ်ထားတယ် လို့ သိရပါတယ်။

ပြေးဆွဲပေးမယ့်ကားတွေကတော့ ကိုရီးယားနိုင်ငံ နည်းပညာအတိုင်း ထုတ်လုပ်တပ်ဆင်ထားတဲ့ အဆင့်မြင့် Daewoo Intercity Bus BS 106 (၄)စီး(Aircon Bus)ကို အသုံးပြုမှာလည်း ဖြစ်ပါတယ်။

" အခုဆွဲနေတဲ့ကားတွေ က အသားကုန်ပြိုင်မောင်းတာတွေ ရော ပြီးတော့ကြားကားဘဲအားကိုးနေရတာ ။ရန်ကုန်-ပဲခူး က နီးနီးလေး ပါ အခု အဲကွန်းကားလေးနဲ့ သာယာယာ သွားရမှာဆိုတော့ ကောင်းပါတယ် " လို့ ခရီးသွားပြည်သူတစ်ယောက်ဖြစ်တဲ့ ကိုပြည့်ဝ ကပြောပါတယ်။

ပြေးဆွဲတဲ့ အချိန်မှာ ရပ်/တင်/ချ စနစ်နဲ့သွားမှာဖြစ်ပြီးတော့ ခရီးသည်ဘေးကင်းလုံခြုံစေဖို့ အမြန်နှုန်းကို တသမှတ်ထဲ မောင်းမှာလို့လည်း သိရပါတယ်။

ကားထွက်ချိန်ကတော့ ပဲခူးကနေရန်ကုန်ဘက်ကို မနက် ၆ နာရီ စထွက်မှာဖြစ်ပြီးတော့ ရန်ကုန်ကနေ ပဲခူးဘက်ကို မနက် ၈ နာရီစထွက်မှာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က