(၁၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ၊ရန်ကုန်-စစ်တွေ ကားလမ်းမကြီးမှ ဒီကနေ့ နိုဝင်ဘာလ (၁၅)ရက်နေ့ နေ့လယ် (၂)နာရီခန့်က ဘုရားဖူး Light Truck ယာဉ် တစ်စီး ချောက်ထဲပြုတ်ကျမှုဖြစ်ပွါးခဲ့ပါတယ်။ 

ချောက်ထဲပြုတ်ကျမှုကြောင့် ယာဉ်ပေါ်ပါ(၁၆)ဦးအနက် အမျိုးသမီး (၂)ဦး သေဆုံးခဲ့ပြီး ကျန်(၁၄)ဦးမှာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

“ ကားက ဘုရားဖူးကား။ ဘုရားဖူးအပြီး အပြန်မှာဖြစ်တာ။ ပုဏ္ဏားကျွန်းကနေ မင်းပြားကိုပြန်တာ။ အတက်လမ်းမှာ ဂီယာမထိန်းနိုင်ဘဲ ကားကနောက်ပြန်လှိမ့်ကျပြီး ချောက်ထဲကျသွားတာ။ နှစ်ဦးသေတယ် ။ ထိခိုက်ဒဏ်ရာရရတဲ့သူတွေကတော့ ဆေးရုံမှာ”လို့ ဖြစ်စဉ်အတွင်းသွားရောက်ကူညီဆောင်ရွက်ပေးခဲ့တဲ့ ကျောက်တော်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

အဆိုပါ ဘုရားဖူး ယာဉ်ပေါ်မှာက ကျား(၄)ဦး မ(၁၂)ဦး စုစုပေါင်း (၁၆)ဦးလိုက်ပါလာခဲ့တာဖြစ်ပါတယ်။ 

ရန်ကုန်-စစ်တွေကားလမ်း ကန်စောက်တောင်အတက်လမ်းမှာ ဂီယာမထိန်းဘဲ နောက်ပြန်လှိမ့်ကျရင်း ပေ(၆၀)အနက်ရှိတဲ့ ချောက်ထဲပြုတ်ကျခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်အတွင်း ကျောက်တော်မီးသတ်စခန်းမှ မီးသတ် တပ်ဖွဲ့ဝင်(၇)ဦးနဲ့ သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာရရှိတဲ့သူတွေကတော့ လက်ရှိကျောက်တော်မြို့နယ် ပြည်သူ့ဆေးရုံမှာပဲ ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။


Share

Loading Next Article...
က္က