ရန်ကုန်မှာ ရှားရှားပါးပါး အပျော်တမ်းမြှားပစ် ဆော့ကစားနိုင်မယ့် နေရာလေးဖွင့်လှစ်ထားတယ် လို့ 0'Arch Sports တည်ထောင်သူ ကိုကျော်ဇေယျ ကပြောပါတယ်။
"အခုကာလ မှာ လူတွေ စိတ်အပန်းဖြေစေနိုင်ဖို့ ရည်ရွယ်တယ် ပြီးတော့ မြှားပစ်တာက နိုင်ငံတကာမှာ ရှိနေတာကြာပြီး မြန်မာမှာလည်း ပထမဆုံးလာပစ်လို့ရအောင်စီစဥ်ဖြစ်တာပါ ၊မြှားပစ်အားကစားကို သဘာဝရှုခင်းလေးမှာ ပစ်ကစားလို့ရအောင် စီစဥ်ထားပါတယ် " လို့ ကိုကျော်ဇေယျ ကပြောပါတယ်။
မြှားပစ်အားကစားအပြင် နောက်ပိုင်း အပျော်တမ်းလှေလှော် နိုင်ဖို့ပါ စီစဥ်နေတယ် လို့လည်း သိရပါတယ်။
0'Arch Sports ကိုတော့ ရန်ကုန် လှည်းကူးမြို့နယ် အမှတ် ၃ လမ်းနဲ့ အမှတ် ၇ လမ်းထောင်မှာ ဖွင့်လှစ်ထားပြီးတော့ မနက် ကိုး ကနေ ညနေ ငါးနာရီထိ ပိတ်ရက်မရှိဖွင့်လှစ်ထားတယ် လို့လည်း သိရပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့က စတင်ဖွင့်လှစ်ထားတာဖြစ်ပြီးတော့ တစ်နာရီ ကျပ် တစ်သောင်း ကျသင့်မှာဖြစ်ပြီးတော့ Opening Promotion အနေနဲ့ (၁၀) နာရီဖိုးဝယ်ရင် (၃)နာရီစာ လက်ဆောင်ပေးသွားမယ် လို့ သိရပါတယ်။ Promotion ကာလပြီးစီးရက်ကို သတ်မှတ်မထားသေးဘဲ လက်ရှိအချိန်အထိ ရရှိဦးမယ်လို့ ဆိုပါတယ်။
မိသားစုလိုက်၊ သူငယ်ချင်းတစ်သိုက်သွားရောက်မြှားပစ်ကစားလို့ရသလို မပစ်ဖူးတဲ့သူတွေအတွက်လည်း မြားကိုင်ပုံကိုင်နည်း အသေးစိတ်ကစ သင်ပေးမဲ့ မြားပစ်ကျွမ်းကျင်သူရှိတယ် လို့လည်း သိရပါတယ်။
အလွတ်တန်းသတင်းထောက် ပိုင်ထက် ပေးပို့ထားသော သတင်းဖြစ်ပါသည်။