ငွေဆောင်ကမ်းခြေ ရဲ့ နာမည်ကြီး ချက်ပို့ဆိုင် ဆိုင်ရှင် ဖြစ်သူ မဇာ က ရန်ကုန်မှာပါ ဆိုင်ခွဲလာဖွင့်လိုက်တာဖြစ်ပါတယ်။

ငွေဆောင်‌ရောက်သွားသလိုခံစားစေရမယ့် ပင်လယ်စာချက်ပို့လက်ရာဟင်းပွဲတွေကို ရန်ကုန်မှာတင် စားလို့ ရမှာဖြစ်ပါတယ်။ 



နာမည်ကြီး ချက်ပို့ဆိုင်

"မဇာ"ချက်ပို့ဆိုင်‌ေလးက ငွေဆောင်ကမ်းခြေ ရဲ့ နာမည်ကြီး ချက်ပို့ဆိုင် တွေထဲကတစ်ဆိုင်ဖြစ်ပြီး လူကြိုက်များတဲ့ဆိုင်တစ်ဆိုင်လည်းဖြစ်ပါတယ်။"မဇာ"ချက်ပို့ ဆိုင်‌ရှင် မဇာ ကတော့ ၃ နှစ်တိတိတိုင်အောင် ငွေဆောင် ချစ်သူများကျွန်းကမ်း‌ေခြမှာ သဲတွေ၊ လှိုင်းလုံးတွေနဲ့ စပြီး တစ်ယောက်တည်း ကြိုးစားရင်း ချက်ပြုတ် ရောင်းချဖြစ်ခဲ့တာလို့ သိရပါတယ်။ ချက်ပို့တွေထဲမှာ အရောင်းကောင်းဆုံးဆိုင်အဖြစ် ငွေဆောင်မှာနာမည်ရလာခဲ့ပြီး ဆိုင်ရှင် ဖြစ်သူ မဇာ က ရန်ကုန်မှာပါ ဆိုင်ခွဲလာဖွင့်လိုက်တာဖြစ်ပါတယ်။ 

"မဇာ"ချက်ပို့ရန်ကုန် ဆိုင်ခွဲ

ရန်ကုန် မှာတင် ငွေဆောင်မှာ စားရတဲ့အရသာအတိုင်း စားရမှာဖြစ်သလို ပင်လယ်စာအစုံ၊ လတ်လတ်ဆတ်ဆတ် ပုဇွန်ကင်တွေကအစ ရနိုင်ပါတယ်။ ချက်ပို့တွေထဲမှာ အရောင်းကောင်းဆုံးဆိုင်အဖြစ် ငွေဆောင်မှာနာမည်ရလာခဲ့ပြီး ဆိုင်ရှင် ဖြစ်သူ မဇာ က ရန်ကုန်မှာပါ ဆိုင်ခွဲလာဖွင့်လိုက်တာဖြစ်ပါတယ်။ရန်ကုန်ဆိုင်က ချက်ပို့ပုံစံမဟုတ်ဘဲ ဆိုင်မှာထိုင်စား လည်းရပါတယ်။ Delivery နဲ့လည်းမှာယူနိုင်တာကြောင့် လက်မလည်အောင်ရောင်းကောင်းပါတယ်။

လက်မလည်အောင် ရောင်းရ

ရန်ကုန်ဆိုင်စဖွင့်လိုက်တည်းက လက်မလည်အောင် ရောင်းရသလို အရသာကောင်းလို့ လူကြိုက်များကြပါတယ်။ ပင်လယ်စာဟင်းတွေက ဆိုင်မှာစားရင် ဘာနဲ့စားစား တစ်သောင်းကျပ် ဖြစ်ပြီး အရံဟင်း၊ အရည်သောက်၊ ငွေဆောင် ငါးပိထောင်းနဲ့တို့စရာအစုံ ကိုစားရမှာပါ။ "မဇာ" ရဲ့ဆိုင်ကတော့ ငွေဆောင် ချစ်သူများကျွန်းမှာ နာမည်ကြီးပြီး အရမ်းရောင်းကောင်းတဲ့ ချက်ပို့ဆိုင်ပါ။ ငွေဆောင်ကလက်ရာအတိုင်း ရန်ကုန်မှာစားရအောင် ကိုယ်တိုင်လာဖွင့်ထားတာဖြစ်ပြီး စဖွင့်တည်းက လက်မလည်အောင် ရောင်းရပါတယ်။ ပင်လယ်စာချက် ဟင်းလျာတွေအပြင် လတ်လတ်ဆတ်ဆတ် ပုဇွန်ကင်တွေလည်းရနိုင်ပြီး ဈေးနှုန်းကတော့ အရံဟင်း၊ ငါးပိ၊ တို့စရာ၊ အရည်သောက်ပါတဲ့ ဆိုင်စားတစ်ပွဲကို (၁)သောင်းကျပ်ပါ။

ဆိုင်လိပ်စာ

"မဇာ"ချက်ပို့ဆိုင်လိပ်စာကတော့ အမှတ် (113) မြေညီထပ်၊ (၄)ရပ်ကွက်၊ ဗန္ဓုလလမ်းနဲ့ အနော်ရထာလမ်းကြား(လသာလမ်း)၊ လသာမြို့နယ် ရဲစခန်းရှေ့မှာ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က