ဒီဆိုင်လေးတွေကတော့ တကယ်ကို ထူးခြားပါတယ်။

ကော်ဖီချစ်သူတွေ၊ ကော်ဖီဆိုင်လေးတွေကို သွားရောက်ပြီး အနားယူရတာ ကြိုက်နှစ်သက်သူတွေအတွက် ဒီတစ်ခေါက်တော့ ရန်ကုန်မြို့တွင်းက ထူးခြားတဲ့ ကော်ဖီဆိုင်လေးတွေနဲ့ မိတ်ဆက်ပေးပါရစေ။

Beans n Bitez



ဟယ်ရီပေါ်တာ ရုပ်ရှင်ဇာတ်ကားထဲက Hogwarts school ကို ရောက်သွားသလို ခံစားမှုကိုပေးစွမ်းနိုင်တဲ့ ကော်ဖီဆိုင်လေးပဲဖြစ်ပါတယ်။ ဟယ်ရီပေါ်တာ ရုပ်ရှင်ထဲက အဝတ်အစားတွေ၊ အပြင်အဆင်တွေနဲ့ အဲ့ဒီမှာ ဓာတ်ပုံရိုက်လို့ရမှာပါ။ ရုံးပိတ်ရက်တွေမှာ ဧည်သည်များလေ့ရှိတာမို့ ဝတ်စုံငှားတဲ့နေရာမှာ ကိုယ်အလှည့်ရောက်အောင် စောင့်ဆိုင်းရတတ်ပါတယ်။ ကော်ဖီ၊ Drinks နဲ့ အစားအသောက်တွေလည်း အရသာကောင်းမွန်တယ်လို့ တုံပြန်မှုကောင်းတွေ ရထားတာကြောင့် သွားကြည့်ဖို့တိုက်တွန်းလိုက်ရပါတယ်။ ဆိုင်လိပ်စာ လေးကတော့ အမှတ် (၃၁)၊ အဝေရာလမ်း (မိုးကောင်းလမ်းအနီး )၊ ရန်ကင်း မြို့နယ်၊ ရန်ကုန်မြို့မှာပါ။


ARIYS Gallery 



ဒီဆိုင်လေးကတော့ ကိုရီးယားကော်ဖီဆိုင် တဆိုင်ကိုရောက်ရှိသွားသလို ခံစားချက်မျိုးကို ပေးစွမ်းနိုင်မှာပါ။ အခြားဆိုင်တွေနဲ့ မတူတဲ့ထူးခြားချက်ကတော့ စာအုပ်တွေ ဖတ်လို့ရသလို ဆိုင်နဲ့ကပ်လျက်ရှိတဲ့ အနုပညာပြခန်းမှာလည်း ပန်ချီကားတွေကြည့်ရင်း စီးမျောနိုင်မှာဖြစ်ပါတယ်။ အတွင်းမှာထိုင်ရတာပျင်းတယ်ဆိုရင် ဆိုင်ရဲ့ အပြင်ဘက်မှာလည်း ထိုင်လို့ရအောင်စီစဉ်ပေးထားပါသေးတယ်။ ဆိုင်လိပ်စာလေးကတော့ Diamond Condo Tower 3, Floor 3, Kamayut Tsp : Ygn ဖြစ်ပါတယ်။


Smash it



ဒီဆိုင်လေးကတော့ ကော်ဖီသောက်ရင်း ရုပ်ရှင်ပါကြည့်နိုင်မယ့် ကော်ဖီဆိုင်လေးပါ။ ဆိုင်ရဲ့အပြင်အဆင်လေးကလည်း တခြားကော်ဖီဆိုင်တွေနဲ့မတူဘဲ ခပ်ဆန်းဆန်းလေးဖြစ်နေတာကြောင့် ဓာတ်ပုံရိုက်ချင်တဲ့သူတွေအတွက်လည်း အဆင်ပြေနိုင်မှာပါ။ ဆိုင်အတွင်းမှာ ရုပ်ရှင်ဇာတ်ကားတွေကို အမြဲလိုလို ပြသထားပြီး ကိုယ်ကြည့်ရှုလိုသည့်ရုပ်ရှင်ရှိရင် ကြိုတင်စာရင်းပေးရမှာပဲဖြစ်ပါတယ်။ ဆိုင်လိပ်စာလေးကတော့ - အမှတ် 9 ၊ မေတ္တာလမ်း ၊ တောင်ဥက္ကလာပ ၊ ရန်ကုန် ပဲဖြစ်ပါတယ်။



Golden Hope


ဒီကော်ဖီဆိုင်လေးကလည်း ထူးခြားပါတယ်။ ဆိုင်လေးဟာ ရန်ကုန်မြို့ရဲ့ မသန်စွမ်းလူငယ်လေးတွေက ဝန်ဆောင်မှုပေးနေတဲ့ တစ်ခုတည်းသော ကော်ဖီဆိုင်လေးပါ။ ဒီဆိုင်လေးမှာ စုစည်းလုပ်ကိုင်နေတဲ့ လူငယ်လေး ၆ ယောက်မှာ ကိုယ်အင်္ဂါချို့ယွင်းတာ၊ ဆွံ့အနားမကြားတာလို မသန်စွမ်းမှုတွေ ရှိကြပေမဲ့ ဘဝကိုအရှုံးမပေးဘဲ သာမန်လူတွေလိုတန်းတူဘဝကို ဖြတ်သန်းရင်း သူတို့ရဲ့ရည်ရွယ်ချက်တွေ အိပ်မက်တွေဆီကို တစ်လှမ်းချင်း လျှောက်လှမ်းနေကြတာပဲဖြစ်ပါတယ်။ ဆိုင်လိပ်စာလေးကတော့ အမှတ် (၅) မြေညီထပ်၊ လှိုင်ဘူတာရုံလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့မှာပါ။


Caffeination Caffeination


ဒီဆိုင်ကတော့ နေဝင်ဆည်းဆာအချိန်အခါကို Rooftop မှာ ခံစားနိုင်မယ့် ကော်ဖီဆိုင်လေးပဲဖြစ်ပါတယ်။ ရန်ကုန်မြို့ဆိုရင် Rooftop မှာဖွင့်တဲ့ ကော်ဖီဆိုင်တွေရှားပါးတဲ့အထဲမှ ဒီဆိုင်လေးကတော့ ကိုယ့်ရဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေကိုပါ ခေါ်လာနိုင်တဲ့ဆိုင်လေးပဲဖြစ်ပါတယ်။ သင်ကလူများတာကို သဘောမကျတဲ့သူဆိုရင်လည်း Private Room တွေငှားပေးထားတာကြောင့် အတော်လေးကို အဆင်ပြေစေတဲ့‌ ကော်ဖီဆိုင်လေးပါ။ ဆိုင်လိပ်စာလေးကတော့ - သစ္စာလမ်းမကြီး ၊ ပုဏ္ဏမီမှတ်တိုင်အနီး ၊ တောင်ဥက္ကလာပ ၊ ရန်ကုန်မြို့ ပဲဖြစ်ပါတယ်။

ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က