နိုဝင်ဘာလ (၁၄)မှ (၁၆)ရက်နေ့အထိဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၉)ခုမှာ (၂)ရက်ခန့် ရေပြတ်တောက်နိုင်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အသိပေးကြေညာထားပါတယ်။

ရန်ကုန်မြို့တွင်းကို ရေပေးဝေနေတဲ့ ငမိုးရိပ်ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်)ကို လတ်တလောမှာ ဒုတိယအဆင့် ရေတွန်းစက်ရုံ ရေတွန်းစက်တွေကို ရပ်ပြီး ပြုပြင်စရာတွေရှိနေတာကြောင့် နိုဝင်ဘာလ (၁၄)ရက်ကနေ (၁၆)ရက်နေ့အထိ မြို့နယ်တချို့မှာ ရေပြတ်တောက်နိုင်တာဖြစ်တယ်လို့သိရပါတယ်။

ဓာတ်ပုံ- YCDC

“ ဟုတ်ပါတယ်။ ဌာနကနေလည်း ပြည်သူတွေကို အသိပေးထားပါတယ်။ (၁၄)ရက်နေ့ကစပြီးပြင်မှာပါ။ ညောင်နှစ်ပင်ရေပေးဝေရေးစက်ကိုပြင်မှာဆိုတော့ အဲဒီကနေ ဖြန့်ဝေတဲ့နေရာတွေ ပြတ်တောက်နိုင်တယ်။ ဂျိုးဖြူကနေ ဖြန့်တဲ့မြို့နယ်တွေကတာ့ ပုံမှန်အတိုင်းရေရရှိမှာပါ”လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေပေးဝေရေးဌာနမှ ဦးထင်လင်းခက Duwun ကိုပြောပါတယ်။

စက်တွေပြုပြင်တဲ့ အချိန်ကာလက နာရီ (၄၀)ကျော်ကြာနိုင်တာမို့ ဒီကာလအတွက် ရေကိုကြိုတင်စုဆောင်းဖို့ကိုလည်း အသိပေးပြောကြားထားပါတယ်။

ရေပြတ်တောက်နိုင်တဲ့ မြို့နယ်တွေကတော့ မြောက်ဥက္ကလာ၊ ရွှေပေါက်ကံ၊ တောင်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း၊ အရှေ့ပိုင်း)၊ ဒေါပုံ၊ တာမွေမြို့နဲ့ မင်္ဂလာမြို့နယ်တို့ပဲဖြစ်ပါတယ်။

အဆိုပါ မြို့နယ် (၉)ခုမှာတော့ နိုဝင်ဘာလ (၁၄)ရက်နဲ့ (၁၆)ရက်တွေမှာတော့ စက်တွေပြုပြင်နေစဉ်အတွင်း ရေအားလျော့နည်းတာနဲ့ ခေတ္တရေပြတ်တောက်တာတွေဖြစ်နိုင်တယ်လို့ သိရပါတယ်။


Share

Loading Next Article...
က္က