ပင်လယ်စာကို အရသာရှိရှိ စားချင်တဲ့သူတွေအတွက် ရခိုင်ပြည်နယ် ဂွမြို့ကဒေသခံတွေကိုယ်တိုင် ရန်ကုန်မြို့မှာ လာရောက်ဖွင့်လှစ်ထားတဲ့ 'Sea Funny' ဆိုင်လေးကို ဒီတစ်ခေါက်မှာ မိတ်ဆက်ပေးချင်ပါတယ်။
Sea Funny ရဲ့ထူးခြားတဲ့အရသာနဲ့ မုန့်တီ
ပင်လယ်စာချစ်သူတွေ အလွန်နှစ်သက်ကြတဲ့ ရေဘဝဲ၊ ကင်းမွန်၊ ပြည်ကြီးငါးတွေအပြင် ထူးထူးခြားခြား အရသာနဲ့ ရခိုင်မုန့် တီကိုလည်း မှာယူသုံးဆောင်နိုင်ပါသေးတယ်။
အများနည်းတူ 'ငါးရွှေ'ကို အသုံးပြုတာမျိုးမဟုတ်ပဲ သင်ပေါင်းထိုးငါး ကို အသုံးပြု ချက်ပြုတ်တဲ့အတွက် အရသာပိုင်းမှာ တစ်မူထူးတာတော့ အမှန်ပါပဲ။
“ငါးရွှေကျတော့အမကိုယ်တိုင်ကမကြိုက်တာပါ။
အများအားဖြင့်သုံးကြပါတယ်။ချိုတာကတော့ငါးရွှေကလဲချိုပါတယ်။ ဒါပေမယ့် ဒီသင်ပေါင်းထိုးငါးကျတော့ ငါးအသားတုံးနဲ့ ငါးအသားအိအိလေးဆိုတော့ ဒီငါးပဲကြိုက်လို့ရအောင်ရှာပြီးမုန့်တီချက်တိုင်းဒီငါးနဲ့ပဲချက်ဖြစ်တာပါ။” လို့ sea Funny ဆိုင်ပိုင်ရှင် ကပြောပါတယ်။
ဂွကျွန်းပေါ်ကနေပြောင်းလာတဲ့ဆိုင်လေး
ဒီဆိုင်လေးရဲ့ ထူးခြားချက်လေးတစ်ခုက ရောင်းချတဲ့ ပင်လယ်စာ Menu တိုင်းက အမြဲတမ်း သန့်ရှင်း လတ်ဆတ်မူကို ကိုယ်စားပြုနေခြင်းပဲဖြစ်ပါတယ်။
“ဟိုမှာလိုမျိုးဆိုရင်ပင်လယ်စာအစုံသုပ်လိုဟာမျိုးပေါ့၊ ပင်လယ်စာဒေါင်းလန်းကြီးလိုဟာမျိုးတွေက တကယ့် ဟိုကအရသာအတိုင်းလုံး၀ခံစားရတယ်။”လို့ Sea Funny ဆိုင်ရှင် ကိုလွင်နောင်နောင် ကပြောပါတယ်။
ဈေးနှုန်းလေးတွေ ချိုတဲ့ဆိုင်လေး
ဒါ့အပြင် ထမင်းနဲ့ ဟင်းမျိုးစုံကိုလည်း မှာယူသုံးဆောင်နိုင်မှာ ဖြစ်သလို ထမင်းတစ်ပွဲကို (၅၀၀) ကျပ်နဲ့ ဟင်းတစ်ပွဲအတွက် (၁၀၀၀) - (၁၅၀၀) ပဲ ကျသင့်မှာဖြစ်တဲ့အတွက် အရမ်းသက်သာတယ်လို့ ပြောရမယ်နော်။
ပင်လယ်စာ တွေအတွက်ကလည်း ဈေးနူန်း (၃၀၀၀) ကနေ (၁၂၀၀၀) အထိပဲ သတ်မှတ်ထားတာမို့လို့ ဈေးနူန်းသက်သက်သာသာနဲ့ သန့်သန့်ရှင်းရှင်း စားချင်တဲ့ သူတွေအတွက် မဖြစ်မနေကို သွားရောက်အားပေးသင့်ပါတယ်။
ဆိုင်လိပ်စာလေးကတော့
Sea Funny ဆိုင်လေးကိုအမှတ် 835/သမိုင်းမြို့ဟောင်း ၃ လမ်း၊ ၄ ဖြတ်မြောက်မှာဖွင့်လှစ်ထားတာဖြစ်လို့ ရခိုင်စာစစ်စစ်စားချင်တဲ့သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။