မက်ဆီကတော့ တော်တော်လေးစိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပုံပါပဲ။

ရန်းနက်စ်ကို အရေးနိမ့်ခဲ့တဲ့ လီဂူးပွဲမှာ မက်ဆီဟာ ပရိသတ်တွေကို နှုတ်မဆက်ဘဲ အဝတ်လဲခန်းကို တန်းပြီးဝင်သွားခဲ့တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီဟာ ၂-၀ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး ဒုတိယနေရာက မာဆေးလ်နဲ့ ၇မှတ်ကွာဟနေသေးပေမယ့် ချန်ပီယံလိဂ်ကထွက်ခဲ့ရပြီး ပြည်တွင်းပွဲတွေကိုသာ အာရုံစိုက်ရတော့မယ့်အချိန်မှာ အရေးနိမ့်ခဲ့လို့ ပရိသတ်တွေအတွက် စိတ်ပျက်စရာရလဒ်ဖြစ်ခဲ့ရပါတယ်။ 

မက်ဆီကိုယ်တိုင်လည်း တော်တော်လေးစိတ်ပျက်နေခဲ့ဟန်ရှိပြီး မျက်နှာကသုန်မှုန်နေတာကိုလည်း ဓာတ်ပုံမှတ်တမ်းတွေအရ တွေ့ခဲ့ရပါတယ်။ ဒီပွဲမှာ မက်ဆီကို ပရိသတ်တွေက တွန်းအားပေးတဲ့အနေနဲ့ သူ့နာမည်ကို အော်ဟစ်မှုတွေလုပ်ခဲ့ပြီး ဒါကလည်း မက်ဆီအတွက် စိတ်ရှုပ်စရာဖြစ်ခဲ့ပုံရကာ ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့ဘဲ အသင်းကလည်း ဂိုးပြတ်ပါ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ 



ပီအက်စ်ဂျီအသင်းသားတွေဟာ ပွဲအပြီးမှာ ပရိသတ်တွေရှိရာဆီသွားပြီး လက်ခုပ်တီးနှစ်သိမ့်မှုတွေလုပ်ပေးခဲ့ပေမယ့် မက်ဆီကတော့ အဝတ်လဲခန်းသာ ဝင်သွားခဲ့တာပါ။ အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ ပထမပိုင်းမှာ ဘတ်ပီအတွက် ကောင်းမွန်တဲ့ ပေးပို့မှု ၂ကြိမ်လုပ်ပေးနိုင်ခဲ့ပေမယ့် ၂ကြိမ်စလုံးကတော့ အချည်းနှီးသာဖြစ်ခဲ့ရပြီး နောက်ထပ်လည်း အရေးပါတဲ့ ပေးပို့မှု ၅ ကြိမ်လုပ်ပေးနိုင်ခဲ့ပါတယ်။ 

သူကိုယ်တိုင်လည်း ဂိုးပေါက်တည့်ကန်သွင်းချက် ၂ ကြိမ်လုပ်နိုင်ခဲ့ပြီး Dribbles ၂ ကြိမ်အောင်မြင်ခဲ့ကာ ဒီပွဲအတွက် Rating ၇.၁ ရရှိခဲ့တယ်လို့တော့ သိရပါတယ်။ မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ၁၈ ဂိုးသွင်းကာ ၁၇ ကြိမ်ဖန်တီးပေးထားကာ အရေးပါတဲ့ ကစားသမားတဦးအနေနဲ့ ရှိနေခဲ့တာပါ။ 


မက်ဆီရဲ့ ဒီပုံစံက ပီအက်စ်ဂျီအတွက်တော့ စိုးရိမ်စရာတော့ ဖြစ်လာပါတယ်။ မက်ဆီကို စာချုပ်သစ်ချုပ်ဖို့ ကြိုးစားနေချိန်မှာ အသင်းက ချန်ပီယံလိဂ်ကထွက်ခဲ့ရသလို ပြည်တွင်းမှာပါ ရလဒ်တွေညံ့နေတာကြောင့် မက်ဆီသာ စိတ်ပျက်ပြီး စာချုပ်သစ်မချုပ်ခဲ့ဘူးဆိုရင် အသင်းအတွက် တကယ်ကို စိတ်ပျက်စရာဖြစ်လာမှာမို့ပါ။ 

Share

Loading Next Article...
က္က