ရန်းနစ်ဂ်ကို ယူနိုက်တက်ကစားသမားတွေ တီးတိုးမေးခွန်းထုတ်နေတာပါ။

ယူနိုက်တက်ကစားသမားတွေဟာ ပုံစံကောင်းပြသဖို့ ရုန်းကန်နေရတဲ့ မက်ဂွိုင်းရားကို ပွဲထွက်ခွင့်ပေးနေတဲ့ နည်းပြ ရန်းနစ်ဂ်နဲ့ ပတ်သက်လို့ တီးတိုးမေးခွန်းထုတ်တာတွေရှိနေတယ်လို့ သိရှိရပါတယ်။ အသင်းခေါင်းဆောင်တယောက်ဖြစ်ပေမယ့် မကြာခဏဆိုသလို အမှားအယွင်းတွေ ပြုလုပ်နေတဲ့ မက်ဂွိုင်းရားကို ပွဲထွက်ကစားသမားစာရင်းကနေ ချန်လှပ်ဖို့ ပြောဆိုနေကြပါတယ်။



ဒါပေမယ့် ရန်းနစ်ဂ်ကတော့ မက်ဂွိုင်းရားကို ပုံသေထားကာ ဗာရန်း ဒါမှမဟုတ် လင်ဒီလော့ဖ်တယောက်ယောက်နဲ့ တွဲပေးတဲ့ ပုံစံကိုသာ ပွဲတိုင်းနီးပါး အသုံးပြုလျက်ရှိပါတယ်။ ယူနိုက်တက် ကစားသမားတွေအပါအဝင် ပရိသတ်တွေကလည်း ဗာရန်းနဲ့လင်ဒီလော့ဖ်အတွဲက ပိုပြီး အဆင်ပြေနိုင်တယ်လို့ ယူဆထားပါတယ်။

The Times သတင်းဌာနရဲ့ ဖော်ပြချက်အရ ယူနိုက်တက် ကစားသမားတွေဟာ မက်ဂွိုင်းရားရဲ့ လက်ရှိခြေစွမ်းက အသင်းရဲ့ အဆင့်အတန်းနဲ့ မကိုက်ညီဘူးလို့ ယူဆနေပြီး မက်ဂွိုင်းရား ပုံမှန်နေရာရနေဆဲအပေါ်မှာ မေးခွန်းထုတ်နေကြတာဖြစ်ပါတယ်။

မက်ဂွိုင်းရားဟာ ပြီးခဲ့တဲ့ နှစ် အောက်တိုဘာက လက်စတာကို ၄-၂ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲကစလို့ ခြေစွမ်းပိုင်း သိသိသာသာ ပျက်ယွင်းခဲ့တာဖြစ်ပါတယ်။ ကစားသမားတွေဟာ အချင်းချင်းသာ တီးတိုးပြောဆိုမှုတွေရှိပေမယ့် အသင်းရဲ့ ကြယ်ပွင့်ကစားသမားတယောက်ကတော့ မက်ဂွိုင်းရားကို ဒီလိုမျိုး နေရာပေးနေဆဲအပေါ် တိုက်ရိုက်မေးခွန်းထုတ်ခဲ့တယ်လို့ သိရပါတယ်။

မက်ဂွိုင်းရားရဲ့ ကိုယ်စားလှယ်တွေကတော့ ဒီသတင်းတွေကို ငြင်းဆန်ခဲ့ပြီး ကစားသမားအနေနဲ့ အသင်းဖော်တွေနဲ့ ဆက်ဆံရေးကောင်းမွန်နေကြောင်းဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မက်ဂွိုင်းရားအနေနဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို ရော်နယ်ဒိုဆီ လွှဲပေးရတော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီသတင်းတွေကိုတော့ မက်ဂွိုင်းရားနဲ့ နည်းပြ ရန်းနစ်ဂ်တို့က တရားဝင်ငြင်းဆန်ခဲ့ပါတယ်။ လက်ရှိအချိန်ထိလည်း မက်ဂွိုင်းရားက ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကာ ပုံမှန်ပွဲထွက်ခွင့်တနေရာကို အပိုင်ရရှိထားဆဲဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က