အာဆင်နယ်နဲ့ပွဲစဉ်မှာ အငြင်းပွားဖွယ်ဖြစ်ရပ်ကို ဖြစ်ပျက်စေခဲ့သူပါ။

မန်ချက်စတာယူနိုက်တက်အသင်းကို ယာယီနည်းပြသစ် ရာ့လ်ဖ် ရန်းနစ်ခ် ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း ဒေးဗစ် ဒီဂီယာရဲ့ ယူနိုက်တက်ကစားသမားဘဝဟာ သိပ်မကြာမီမှာ ကုန်ဆုံးဖွယ်ရှိနေပါတယ်။

ဒီကစားကို အလေးအနက်ပြောကြားခဲ့သူကတော့ အင်္ဂလန်လက်ရွေးစင်ဟောင်း ထရီဗို ဆင်ကလဲဖြစ်ပြီး ဂျာမန်လူမျိုးနည်းပြရဲ့ ကစားဟန်က ဒီဂီယာရဲ့ အားသာချက်တွေနဲ့ အလုပ်ဖြစ်ကောင်း မဖြစ်နိုင်ဘူးလို့ ခံစားနေရတာဖြစ်ပါတယ်။ စပိန်ဂိုးသမားဟာ ကြာသပတေးနေ့ညက အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်က အာဆင်နယ်ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အငြင်းပွားစရာဖြစ်ရပ်ရဲ့ အဓိကလူ ဖြစ်ခဲ့တာဖြစ်ပါတယ်။



မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဆင်နယ်ရဲ့ထောင့်ကန်ဘောကို ကာကွယ်ဖို့ ကြိုးပမ်းနေချိန်မှာ ယူနိုက်တက်ကွင်းလယ်ကစားသမား ဖရက်ဒ်က ဒီဂီယာရဲ့ ခြေထောက်ကို မတော်တဆ တက်နင်းမိခဲ့တာကြောင့် စပိန်ဂိုးသမားဟာ လဲကျသွားခဲ့တာဖြစ်ပါတယ်။ ဒီဂီယာဟာ လဲကျနေရင်း ဒိုင်လူကြီး ပြစ်ဒဏ်ဘောပေးမှာကို စောင့်ဆိုင်းနေခဲ့တာဖြစ်ပေမယ့် စမစ် ရိုးက ပင်နယ်တီဧရိယာထိပ်ကနေ ဂိုးကန်သွင်းသွားခဲ့တဲ့အချိန်အထိ စပိန်ဂိုးသမားက ဂိုးစည်းပေါ်မှာ အားလုံးကို ကျောပေးပြီး လဲလျောင်းနေခဲ့တာဖြစ်ပါတယ်။

ဒိုင်လူကြီး မာတင် အက်ကင်ဆန်က ဘောလုံး ဂိုးပိုက်ထဲဝင်သွားတဲ့အချိန်အထိ ဝီစီ မမှုတ်ခဲ့တာကြောင့် အာဆင်နယ်ရဲ့ သွင်းဂိုးဟာ ခွင့်ပြုပေးခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ဆင်ကလဲက ဒီဂီယာရဲ့ ရဲရင့်မှုမရှိခြင်းအပေါ် အပြင်းအထန် ပြစ်တင်ဝေဖန်သွားခဲ့ပြီး ရန်းနစ်ခ်ရောက်ရှိလာမှုက ပွဲထွက်ဂိုးသမားနေရာအတွက် စောင့်ဆိုင်းနေတဲ့ ဒင်း ဟန်ဒါဆန်အတွက် အခွင့်အရေးကောင်းဖြစ်လာမယ်လို့ ပြောကြားခဲ့ပါတယ်။

"သူတို့တွေ ဂိုးပေးလိုက်တာ မှန်ပါတယ်။ ကျွန်တော်တို့အားလုံး ခြေချင်းဝတ်ကို အကန်ခံခဲ့ရဖူးပါတယ်။ အဲဒီထက် ပိုဆိုးမှာမဟုတ်တော့ပါဘူး။ ခင်ဗျား ပြန်ထရပ်ပြီး ဘောလုံးက အောက်သွားတဲ့အချိန်အထိ စောင့်ဆိုင်းနိုင်တယ်။ ပြီးမှ ဆေးကုသမှု လိုအပ်ရင် ခင်ဗျား အကူအညီရယူနိုင်တယ်"

"ဒီဂီယာက ဘယ်လောက်တောင် သတ္တိနည်းလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော် မယုံနိုင်ပါဘူး။ ကျွန်တော် တကယ်ကို စိတ်ပျက်ခဲ့ပါတယ်။ သူ့ရဲ့အသင်းဖော်တွေလည်း စိတ်ပျက်ခဲ့ပါလိမ့်မယ်။ နည်းပြအဖွဲ့ဝင်တွေနဲ့ ပရိသတ်တွေအားလုံးလည်း စိတ်ပျက်ခဲ့မှာပါ။ တခါတရံ ခင်ဗျား ကွင်းထဲမှာ ကစားနေတဲ့အခါမှာ နာကျင်မှုအနည်းငယ်ကိုတော့ ခင်ဗျားတောင့်ခံထားနိုင်ရမှာဖြစ်ပြီး ဒီဟာကတော့ ကောင်းသင့်သလောက် မကောင်းပါဘူး။ ပြီးတော့ သူက ဂိုးကို ခွင့်ပြုရအောင် လုပ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ စမစ်ရိုးရဲ့ ကန်သွင်းချက်က အရမ်း မကောင်းမွန်ခဲ့လို့ပါ"

"ရန်းနစ်ခ် ရောက်လာပြီဆိုရင် သူက တိုက်စစ်ကို များများ ကစားချင်မှာဖြစ်ပြီး သူက ခံစစ်နောက်က နေရာလွတ်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းရတဲ့ ဂိုးသမား ဖြစ်လာတော့မယ်လို့ ထင်ပါတယ်။ အဲဒီတော့ ယူနိုက်တက်က ဒီဂီယာရဲ့အချိန်တွေက သိပ်မကြာခင်အချိန်အတွင်း ကုန်ဆုံးတော့မှာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။ ဒီဂီယာအနေနဲ့ တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်ကို ရန်းနစ်ခ် စတင်တာဝန်ယူကိုင်တွယ်တဲ့အချိန်မှာ ကောင်းမွန်တဲ့ အစပြုမှုမျိုး ရရှိလိမ့်မယ်လို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

Share

က္က