ကစားသမားဘဝက အနားယူပြီး တစ်ပတ်အကြာမှာ မြင်တွေ့ခဲ့ရတာပါ။

ပရိသတ်တွေဟာ ရန်ပုံငွေပွဲမှာ ပါဝင်ကစားသွားခဲ့တဲ့ ဟာဇက်နဲ့ ပတ်သက်လို့ မေးခွန်းထုတ် ပြောကြားမှုတွေရှိခဲ့ပါတယ်။ ဟာဇက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှ ကစားသမားဘဝက အနားယူကြောင်း တရားဝင်ကြေညာခဲ့တာပါ။



ဒါပေမယ့် ဒီလိုမျိုး ကြေညာအပြီး တစ်ပတ်အကြာမှာပဲ ဟာဇက်က ပရိသတ်တွေရဲ့ မြင်ကွင်းကို ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။ လီဗဗရိုင်တီစ်နဲ့ ကာလာရစ်တို့ ကစားခဲ့တဲ့ အဆိုပါ ရန်ပုံငွေပွဲမှာ ဟာဇက်က သူ့စိတ်ကြိုက် ကျောနံပါတ် (၁၀) ကို ဝတ်ဆင်ကစားပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ဟာဇက်က တစ်ဂိုးသွင်း၊ သုံးဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အခုပွဲမှာ ရော်ဘတ်ပီရက်စ်၊​​ ဒက်ချမ့်စ်၊ ကာဘာယီနဲ့ အမ်ဘာပေရဲ့ အဖေ ဝီလ်ဖရိုက်ဒ်တို့လည်း ပါဝင်ကစားသွားခဲ့ပါတယ်။ ဒီဘူချီ၊ လောရင့်ဘလန့်၊ ဗန်ဘိုင်တန်၊ ယန်းစ်လေးမန်းတို့ကိုလည်း ဒီပွဲမှာ အစုံအလင် မြင်တွေ့ခဲ့ရပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ဒဏ်ရာပြဿနာတွေနဲ့ ဆက်တိုက် ရုန်းကန်ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ အခုလိုမျိုးပဲ အသက် (၃၂) နှစ်အရွယ်နဲ့ ကစားသမားဘဝကို အနားယူသွားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဟာဇက်တစ်ယောက် အခုလိုမျိုး ချက်ချင်းဆိုသလိုပဲ မြက်ခင်းစိမ်းတွေပေါ်ကို ပြန်လည်ရောက်ရှိလာတဲ့အပေါ် ပရိသတ်တွေက “ဟာဇက်အနေနဲ့ အနားယူချင်လို့ အနားယူလိုက်ရတာမျိုးရော ဟုတ်ရဲ့လား” လို့ မေးခွန်းထုတ်နေကြပါတယ်။ ဟာဇက်ဟာ ချဲလ်ဆီး၊ လိုင်လီတို့မှာ အကောင်းဆုံးခြေစွမ်းတွေပြသနိုင်ခဲ့ပေမယ့် နှမြောဖို့ကောင်းစွာနဲ့ပဲ ကစားသမားဘဝကို စောစောစီးစီး အဆုံးသတ်ခဲ့ရတာပါ။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က