နာနီကတော့ World XI ဘက်က ဝင်ကစားသွားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး (၁၁) ယောက်နဲ့ အင်္ဂလန်အကောင်းဆုံး (၁၁) ယောက်တို့ရဲ့ ယူနီဆက်ဖ် ရန်ပုံငွေ ခြေစမ်းပွဲမှာတော့ ကမ္ဘာ့အကောင်းဆုံး (၁၁) ယောက်အသင်းကပဲ ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ သူတို့အတွက် အင်္ဂလန်အကောင်းဆုံး (၁၁) ယောက်အသင်းကို (၅) ပွဲဆက်တိုက် အနိုင်ရရှိခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်ကလည်း ဒီနှစ်သင်းက အလားတူ ရန်ပုံငွေပရဟိတပွဲကို ကစားခဲ့ဖူးပြီး အဲ့ဒီအချိန်မှာလည်း ကမ္ဘာ့အကောင်းဆုံး (၁၁) ယောက်အသင်းကပဲ အနိုင်ရရှိခဲ့ပါတယ်။ World XI အတွက် ဂိုးတွေကိုတော့ နာမည်ကျော် အပြေးသမား အူစိန်ဘော့၊ ရော်ဘီကင်းနဲ့ ကမ်ဆီတီနေးတို့က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ World XI ဘက်က ယူနိုက်တက်ကစားသမားဟောင်း နာနီလည်း လူစားဝင်ကစားခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့ ကစားပုံက ရန်ပုံငွေပွဲတစ်ပွဲ ကစားနေသလိုမျိုး ပေါ့ပေါ့ပါးပါးမရှိဘဲ အတည်ပေါက်ကြီး ကစားခဲ့ပြီး တစ်ကိုယ်ကောင်းဆန်မှုတွေလည်းရှိခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက “နာနီက ပရော်ဖက်ရှင်နယ်ပွဲတစ်ပွဲကို ကစားနေသလိုပဲ။ တော်တော်ကြီး ကြိုးစားနေပြီး ဘောလုံးတောင် မပေးတော့ဘူး” “နာနီက ရန်ပုံငွေပွဲမှာတောင် လူမပေးတော့ပါလား”

“သူက အသင်းလိုက် ကစားသမားမဟုတ်တာ သေချာပါတယ်။ ရန်ပုံငွေ ဘောလုံးပွဲမှာတောင် အသင်းဖော်ဆီ လူမပေးပါဘူး” လို့ မှတ်ချက်ပြု ရေးသားခဲ့ကြပါတယ်။ နာနီဟာ သြစတြေးလျလိဂ်ကလပ် မဲလ်ဘုန်းဗစ်ထရီနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် လက်ရှိမှာတော့ အသင်းလက်မဲ့ဖြစ်နေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

အဲ့ဒါကြောင့် အခု ရန်ပုံငွေပွဲမှာ နာနီတစ်ယောက် သေချာ ကစားပြပြီး အသင်းသစ် ပြန်လည်ရှာဖွေဖို့ ကြိုးစားခဲ့တာလားလို့တောင် မေးခွန်းထုတ်ရမလိုဖြစ်နေပါတယ်။ ယူနိုက်တက်မှာ ကစားသမားဘဝ (၈) နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ ဒီကစားသမားဟာ သူ့ရဲ့ ရံဖန်ရံခါ တစ်ကိုယ်ကောင်းဆန်တဲ့ ကစားဟန်၊ ဂိုးသွင်းအပြီး ကျွမ်းထိုးအောင်ပွဲခံဟန်တွေနဲ့အတူ ကျော်ကြားခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က