အာဆင်နယ်နဲ့ပွဲမှာ အောင်ပွဲခံရင်း ဒူးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ ယူနိုက်တက်နည်းပြသစ် ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ ရန်းဂ်နစ်ခ်က ရော်နယ်ဒိုရဲ့အသက်အရွယ်မှာ သူ့လိုကစားနိုင်တဲ့သူ မတွေ့ဖူးဘူးလို့ ပြောဆိုကာ ချီးမွမ်းခဲ့ပါသေးတယ်။


မနက်ဖြန်ကစားရမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ယူနိုက်တက်အတွက် ရော်နယ်ဒိုပါဝင်ဖို့ မသေမချာဖြစ်နေပြီလို့ သိရပါတယ်။ အဆိုပါပွဲဟာ နည်းပြသစ်ရန်းဂ်နစ်ခ်ရဲ့ ပထမဆုံးကိုင်တွယ်မယ့်ပွဲစဉ်ဖြစ်ကာ အာဆင်နယ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ရော်နယ်ဒိုကို အသုံးပြုခွင့်မရမယ့်အရေးနဲ့လည်း ရန်းဂ်နစ်ခ်တစ်ယောက် ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ 



အာဆင်နယ်ကို ပင်နယ်တီကတဆင့် ဂိုးသွင်းယူခဲ့ပြီးနောက် အောင်ပွဲခံခဲ့ရာမှာ ရော်နယ်ဒိုက ဒူးဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒဏ်ရာက ချက်ချင်းဆိုသလို မပြသခဲ့ဘဲ သူဟာ ၈၇ မိနစ်အချိန်ထိ အသင်းအတွက်ပါဝင်ကစားပေးခဲ့ပြီး ယူနိုက်တက်ဧရိယာထဲကနေ အာဆင်နယ်အသင်းဂိုးဧရိယာထဲကို ၁၂ စက္ကန့်နဲ့တောင်မှ ပြေးပြခဲ့ပါသေးတယ်။ 

တကယ်လို့သာ မနက်ဖြန်ပွဲကို ရော်နယ်ဒိုလွဲချော်မယ်ဆိုရင် ရန်းဂ်နစ်ခ်အတွက် တိုက်စစ်ပိုင်းမှာ ခေါင်းကိုက်စရာဖြစ်လာနိုင်တယ်လို့ Daily Mail က ဆိုပါတယ်။ ယူနိုက်တက်အတွက် ရော်နယ်ဒိုက ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဒီရာသီမှာ ရပ်တည်နေတာဖြစ်ပြီး သူသာ မကစားနိုင်ဘူးဆိုရင်တော့ အသင်းတိုက်စစ်ပိုင်းမှာ အပြောင်းအလဲတွေမြင်တွေ့ရဖွယ်ရှိကာ ရန်းဂ်နစ်ခ်ရဲ့ အစွမ်းအစကို ပရိသတ်တွေ ပိုပြီးစိတ်ဝင်စားစေဖို့ဖြစ်လာဖွယ်ရှိနေပါတယ်။ 

ကွင်းထဲမှာ ကစားသမားတွေကို အချိန်ပြည့်လှုပ်ရှားနေစေပြီး ပြိုင်ဘက်ကိုမရပ်မနားနဲ့ဖိအားပေးကစားစေတဲ့ ကစားကွက်ကို အသုံးပြုနေတဲ့ ရန်းဂ်နစ်ခ်လက်ထက်မှာ ရော်နယ်ဒိုက ပြသနာဖြစ်လာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်းရှိနေခဲ့ပါတယ်။ ဒါပေမယ့် မနေ့က ပြုလုပ်ခဲ့တဲ့ ယူနိုက်တက်နည်းပြသစ် ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ ရန်းဂ်နစ်ခ်က ရော်နယ်ဒိုရဲ့အသက်အရွယ်မှာ သူ့လိုကစားနိုင်တဲ့သူ မတွေ့ဖူးဘူးလို့ ပြောဆိုကာ ချီးမွမ်းခဲ့ပါသေးတယ်။
 

ပေါ်တူဂီတိုက်စစ်မှူးအနေနဲ့ အမှန်တကယ်သာ ဒဏ်ရာရရှိထားတယ်ဆိုရင် ကြံ့ခိုင်မှုအားနည်းနေမှာဖြစ်ပြီး ရန်းဂ်နစ်ခ်ရဲ့ ပထမဆုံးပွဲမှာ သူ ပါဝင်ခွင့်ရမှာမဟုတ်တာက သေချာပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိတော့ သူ့ရဲ့ဒဏ်ရာပြသနာနဲ့ပတ်သက်ပြီး ယူနိုက်တက်ဘက်က ဘယ်လိုသတင်းမျိုးမှ ထုတ်ပြန်ထားခြင်းမရှိသေးတာကိုလည်း တွေ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က