ပေါင် (၃) သန်းဝန်းကျင်အထိ ရောက်ရှိသွားခဲ့တာပါ။

ဘာစီလိုနာမှာ အငှားနဲ့ လာရောက်ကစားနေတဲ့ တိုက်စစ်ကစားသမား ယာအိုဖီးလစ်ရဲ့ တစ်နှစ်လုပ်ခက လက်ရှိအချိန်မှာ (၁၀) ဆအထိ မြင့်တက်သွားခဲ့တာကြောင့် ကတ်တလန်ကလပ်အနေနဲ့ ခေါင်းကိုက်နေရပြီလို့ သိရှိရပါတယ်။



အဆိုပါ ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာကို တစ်နှစ်လုပ်ခ ပေါင် (၃) သိန်း (၄) သောင်းဝန်းကျင်နဲ့ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့တာပါ။ သူ့ရဲ့ အိပ်မက်ကလည်း ဘာစီလိုနာမှာ ကစားဖို့ဖြစ်တာကြောင့် ဖီးလစ်က အခုလိုမျိုးပဲ လစာငွေကို မကြည့်ဘဲ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအတွက်တော့ ဒါက တော်တော်လေး အဆင်ပြေတဲ့ ပမာဏဖြစ်ပြီး သူတို့ရဲ့ ဘဏ္ဍာရေးအခက်အခဲတွေကိုလည်း သွယ်ဝိုက်တဲ့နည်းနဲ့ ဖြေရှင်းနိုင်ခဲ့ပါတယ်။ အသက် (၂၄) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယာအိုဖီးလစ်ဟာ ဘာစီလိုနာအတွက် (၂၂) ပွဲကစား၊ (၆) ဂိုးသွင်း၊ (၃) ကြိမ် ဂိုးဖန်တီးပေးထားပါတယ်။

အခုချိန်မှာတော့ လာလီဂါဥက္ကဌ ဟာဗီယာတီဘက်စ်က “ဘာစီလိုနာနဲ့ ယာအိုဖီးလစ်တို့အကြား ချုပ်ဆိုထားတဲ့ စာချုပ်ကို Fair Play ရည်ရွယ်ချက်အရ (၁၀) နဲ့မြှောက်ပေးလိုက်ပါတယ်” လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒီကစားသမားရဲ့ တစ်နှစ်လုပ်ခက ပေါင် (၃) သန်းဝန်းကျင်အထိ ရောက်ရှိသွားခဲ့တာပါ။

ဒါဟာ ဘာစီလိုနာအတွက်တော့ ခေါင်းကိုက်စရာဖြစ်ခဲ့ပြီး သူ့ကို အပြီးသတ်ခေါ်ယူရေးအတွက်လည်း အက်သလက်တီကိုမက်ဒရစ်ရဲ့ ဖိအားပေးခြင်းကို ခံနေရပါတယ်။ ဒါပေမယ့် လက်ရှိအနေအထားအရတော့ ဘာစီလိုနာတို့ ယာအိုဖီးလစ်ကို အပြီးသတ် ခေါ်ယူနိုင်ဖို့ မရှိဘဲ ဘဏ္ဍာရေးပြဿနာကို ပြန်လည်ဖြေရှင်းရမယ့်ကိန်း ဆိုက်နေခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က