ရာဖင်ဟာတယောက် ကြောင်တက်တက်ကို ဖြစ်သွားခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒေးဗစ်ဒီဂီယာကတော့ ဘာစီလိုနာနဲ့ပွဲမှာ ထိပ်တန်းလက်စွမ်းတွေကို ထပ်ပြီး ပြသနိုင်ခဲ့ပါတယ်။ ပေးဂိုးနှစ်ဂိုးခွင့်ပြုခဲ့ရပေမယ့် ပွဲချိန်အတွင်း သူ့ရဲ့ကာကွယ်မှုတွေက တကယ်ကို ကောင်းမွန်ခဲ့ပြီး အံ့အားသင့်စရာကာကွယ်ဟန်တွေကို မြင်တွေ့ခဲ့ရသလို ပြိုင်ဘက်ကစားသမား ရာဖင်ဟာတယောက် နေရာမှာတင် ကြောင်တက်တက်ဖြစ်သွားတဲ့အထိကို လုပ်ပြနိုင်ခဲ့ပါတယ်။ 

ရာဖင်ဟာက သူ သွင်းယူနေကျပုံစံအတိုင်း အဝေးကန်ချက်နဲ့ ဂိုးရဖို့ လုပ်ပါတယ်။ ကန်ချက်က တော်တော်လေးကောင်းပြီး ဂိုးသွားပြီလို့တောင် ထင်မှတ်ရတဲ့အထိကို ကောင်းခဲ့တာပါ။ ဒါပေမယ့် လေထဲကရောက်လာတဲ့​ ဘောလုံးကို ဒီဂီယာက ခုန်ဖမ်းခဲ့ပြီး ဘောလုံးက သူ့လက်မှာ ကော်နဲ့ကပ်ထားသလိုကို မြဲနေခဲ့ပါတယ်။ ဘောလုံးကို ဆွဲဖမ်းသွားတာကြီးက တကယ်ကို ကောင်းမွန်လွန်းပြီး ဘယ်လိုများ ဖမ်းသွားလဲတောင် အနှေးပြကွက်မှာ သေချာပြန်ကြည့်ခဲ့ရပါတယ်။ 



ရာဖင်ဟာဆိုရင် ဒီဂီယာကန်သွင်းတာကိုကြည့်ပြီး သူ့ခေါင်းပေါ် လက်တင်၊ ဆံပင်တွေကို ဆွဲလိမ်နေပြီး သူ ဘယ်လိုများလုပ်သွားလဲလို့တောင် တွေးနေခဲ့ရပုံပါပဲ။ သေချာပေါက်ကို ဂိုးဝင်ပြီလို့ ထင်မှတ်ပြီးမှ ပြိုင်ဘက်ဂိုးသမား ဖမ်းသွားတာက မယုံနိုင်လောက်စရာကို ဖြစ်နေခဲ့လို့ သူလည်း ဘာမှန်းမသိဖြစ်သွားပုံရတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။ 

ပွဲပြီးခါနီးမှာ အန်ဆူဖာတီရဲ့ အနီးကပ်ပိတ်သွင်းချက်ကိုလည်း ဒီဂီယာက အံ့အားသင့်ဖွယ်ရာ ပုတ်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီအလုံးလည်း ဂိုးပြီလို့ ထင်ခဲ့ရပြီး ဘာစီလိုနာက အနိုင်ရပြီလို့တောင် ပရိသတ်တွေ ချက်ချင်းတွေးမိခဲ့ကြမယ်ထင်ပါတယ်။ ဒါပေမယ့် ဒီဂီယာက သူ ကာကွယ်နေကျအတိုင်း လေထဲခုန်ပြီး ပုတ်ထုတ်သွားလို့ ထောင့်ကန်ဘောနဲ့သာ ကျေနပ်လိုက်ရပါတယ်။ 

ရက်ရှ်ဖို့ဒ်က ယူနိုက်တက်အတွက် ဂိုးတွေသွင်းပေးပြီး ကယ်တင်ပေးခဲ့သလို ဒီဂီယာကလည်း ဂိုးပေါက်ကာကွယ်မှုတွေနဲ့ အသင်းကို ကယ်တင်ပေးခဲ့တာပါ။ တက်ကို ချီးကျူးစရာ လက်စွမ်းဖြစ်ပြီး ယူနိုက်တက်တို့ နူးကမ့်မှာ ကျေနပ်စရာရလဒ်တခုကို ရရှိအောင် သူ ကူညီပေးနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က