ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ပြစ်တင်ဝေဖန်နေကြတာပါ။

အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် ချာကာဟာ စနေနေ့ညက လိဒ်စ်ယူနိုက်တက်နဲ့ကစားခဲ့တဲ့ပွဲစဉ်အတွင်း ရာဖင်ညာကို အံ့သြတုန်လှုပ်စရာ ဖျက်ထုတ်မှု ပြုလုပ်ခဲ့ပြီးနောက်ပိုင်း အနီကတ်ပြသခံရခြင်းကနေ ကံကောင်းစွာနဲ့ လွတ်မြောက်ခဲ့ပါတယ်။

ပထမပိုင်းအပြီး ဒုတိယပိုင်း ပြန်လည်စတင်ခဲ့ပြီးနောက် ချာကာဟာ လိဒ်စ်နဲ့ အာဆင်နယ်တို့ပွဲစဉ်က အဓိက ပြောစရာအချက်တွေထဲက တစ်ချက်မှာ ပါဝင်ပတ်သက်ခဲ့တာဖြစ်ပြီး ရာဖင်ညာကို ကြောက်မက်ဖွယ် ဖျက်ထုတ်ခဲ့ရာမှာ ခြေချင်းဝတ်ကို တည့်တည့်ကြီး နင်းမိခဲ့တာကြောင့် လိဒ်စ်တောင်ပံကစားသမားဟာ မြေကြီးပေါ်မှာ နာကျင်မှုကြောင့် လူးလှိမ့်နေခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကွင်းလယ်ဒိုင် အန်ဒရီ မာရီနာက ဆွစ်ဇာလန်လက်ရွေးစင်ကွင်းလယ်ကစားသမားကို ဘာကတ်ပြားမှပြသပြီး သတိပေးခဲ့တာမျိုး မရှိခဲ့တာကြောင့် လူမှုကွန်ရက်ပေါ်မှာ ပရိသတ်တွေက ဒေါသတကြီးနဲ့ ပြစ်တင်ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။



ပွဲကြေညာသူအဖြစ် လုပ်ဆောင်နေခဲ့တဲ့ ဂယ်ရီ နဗီးကည်း ရာဖင်ညာ မြေကြီးပေါ် လူးလှိမ့်နေချိန်မှာ ပြုံးရွှင်နေတဲ့ ချာကာရဲ့ တုံ့ပြန်မှုကို ခြွင်းချက်အနေနဲ့ သဘောထားခဲ့တာဖြစ်ပါတယ်။ ပြီးတဲ့နောက် အချိန်အနည်းငယ်အကြာမှာ ဂျိုး ဂဲလ်ဟာ့ဒ်က တိုမီယာစုကို ချာကာလိုမျိုးပဲ အဆင်အခြင်မဲ့ ဖျက်ထုတ်မှုမျိုး ပြုလုပ်ခဲ့တာကြောင့် အဝါကတ်ပြား ပြသခြင်း ခံခဲ့ရတာကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒါကြောင့် ကွင်းလယ်ဒိုင် မာရီနာအနေနဲ့ ချာကာကို အနီကတ်ပြ မထုတ်ပယ်ခဲ့တဲ့အတွက် လူမှုကွန်ရက်မှာ ပရိသတ်တွေက ဒေါသတကြီးနဲ့ ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

"ဂရားနစ် ချာကာက အနီကတ်နဲ့ ထုတ်ခံရသင့်တယ်။ ရာဖင်ညာအပေါ်ကို တုန်လှုပ်ဖွယ် ဖျက်ထုတ်မှု ပြုလုပ်ခဲ့တဲ့သူပါ"လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး "ဂဲလ်ဟာ့ဒ်က တိုမီယာစုကို တစ်ထပ်တည်းနီးပါး ဖျက်ထုတ်မှု ပြုလုပ်ခဲ့တယ်။ အဝါကတ် ပြခံရတယ်။ ချာကာအတွက်တော့ ဘာကတ်ပြားမှ ပြသခြင်းမရှိခဲ့ဘူး။ သိပ်တော့ အလုပ်မဟုတ်တော့ဘူး"လို့ နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က