စမောလင်းရဲ့ဒဏ်ရာကို မော်ရင်ဟိုက မယုံကြည်ခဲ့တာပါ။

ဒီတစ်ပတ်အစောပိုင်းမှာ ရာထူးကနေ အထုတ်ခံလိုက်ရတဲ့ ရိုးမားနည်းပြဟောင်း မော်ရင်ဟိုကို သူ့ရဲ့တပည့်ဟောင်း စမောလင်းက တုံ့ပြန်တိုက်ခိုက်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ လက်ရှိ ရိုးမားမှာရော၊ ယူနိုက်တက်မှာပါ လက်တွဲခဲ့ကြသူတွေပါ။



စမောလင်းနဲ့ မော်ရင်ဟိုတို့ဟာ ပြီးခဲ့တဲ့လပိုင်းအတွင်းက ကစားသမားရဲ့ ဒဏ်ရာပြဿနာနဲ့ ပတ်သက်လို့ ပြဿနာတက်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်မှာ စမောလင်းက ဒူးဒဏ်ရာကြောင့် ရိုးမားအတွက် မကစားနိုင်ဘဲဖြစ်နေခဲ့တာပါ။

အဲ့ဒီအချိန်မှာ မော်ရင်ဟိုက စမောလင်းတစ်ယောက် သွားကိုက်လို့ အိပ်မရတာဖြစ်နိုင်ကြောင်း ပြောဆိုခဲ့တာကြောင့်လည်း စမောလင်းက ဒီအပေါ်မှာ စိတ်ပျက်ဒေါသထွက်ခဲ့ရပါတယ်။ မော်ရင်ဟိုက “စမောလင်းတစ်ယောက် နာကျင်မှုကြောင့် မကစားနိုင်ပါဘူး။ အချို့ ထိပ်တန်းအဆင့် စွမ်းဆောင်ရည်မရှိတဲ့ အားကစားသမားတွေက နာကျင်မှုဒဏ်ကို ကြီးကြီးမားမား ခံစားရပါတယ်”

“သူတို့ မကစားနိုင်ဘူးဆိုတော့လည်း ကျွန်တော် ဘာလုပ်နိုင်မှာလဲ။ ကိုယ့်ပါးကိုယ်ရိုက်နေတာမျိုး ဒါမှမဟုတ် မကစားနိုင်တဲ့ ကစားသမားကို အပြစ်တင်နေတာမျိုးလည်း လုပ်လို့မရပါဘူး” လို့ ပြောကြားခဲ့တာပါ။ အဲ့ဒီအပေါ်မှာ စမောလင်းက တေးမှတ်ထားခဲ့ပုံရပြီး အခု မော်ရင်ဟိုအထုတ်ခံရပြီး (၄၈) နာရီအတွင်းမှာတင် ဆိုရှယ်မီဒီယာကတစ်ဆင့် တုံ့ပြန်ခဲ့တာပါ။

စမောလင်းက ရိုးမားကို ရောက်လာချိန်ကတည်းက အသင်းအတွက် မပေးဆပ်ချင်ဘူးဆိုတာမျိုး မရှိခဲ့ကြောင်း၊ ဘယ်ကစားသမားကမှတော့ ဆေးပေးခန်းထဲမှာ အချိန်ကုန်နေရတာမျိုးကို မကြိုက်ကြောင်း၊ ဒီသုံးနှစ်အတွင်း ကူညီအားပေးခဲ့ကြတဲ့ မော်ရင်ဟိုနဲ့ အသင်းကို ကျေးဇူးတင်ပြီး ဒီရော့ဆီကိုလည်း တရားဝင်ကြိုဆိုပါကြောင်း ပြောကြားသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က