နာပိုလီကို အနိုင်ကန်သွားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ နာပိုလီတို့ရဲ့ ချန်ပီယံလိဂ်​ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲမှာ ဘာစီလိုနာက ၃-၁ ဂိုးနဲ့ အနိုင်ရရှိကာ နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ပါတယ်။ ပထမအကျော့မှာ ဒီနှစ်သင်းက တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တာပါ။



ဘာစီလိုနာအိမ်ကွင်းမှာတော့ ဖာမင်လိုပက်ဇ်၊ ကန်ဆယ်လိုတို့က အသင်းအတွက် စောစောစီးစီး ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီနှစ်ဂိုးစလုံးက နှစ်မိနစ်အတွင်း ရရှိခဲ့တာဖြစ်ပြီး ပွဲကစားချိန် မိနစ် (၃၀) မှာတော့ ရာမာနီက နာပိုလီအတွက် ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။
ပွဲကစားချိန် (၈၃) မိနစ်မှာတော့ ဘာစီလိုနာအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို လီဝန်ဒေါစကီးက သွင်းယူပေးခဲ့ပြီး ဘာစီလိုနာတို့ ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ နှစ်ကျော့ပေါင်းရလဒ် ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့နောက် ဘာစီလိုနာတို့ ကာလရှည်ဝေးကွာနေတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
ဒီပွဲမတိုင်ခင်မှာ ဘာစီလိုနာတို့သာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကနေ ထွက်ခဲ့ရရင် ဇာဗီလည်း ရာထူးကနေ စောစောစီးစီး အထုတ်ခံရနိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုလိုမျိုး အနိုင်ကစားနိုင်ခဲ့တဲ့နောက် ဇာဗီအတွက်လည်း သူစီစဉ်ထားတဲ့အတိုင်း ရာသီကုန်မှ လမ်းခွဲရမယ့် အခြေအနေမျိုးကို စောင့်ဆိုင်းနိုင်တော့မှာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က