ရာသီခွင် အလိုက်ဆိုလို့ အားလုံးအတွက် ဒီခန့်မှန်းချက်ဟာ မှန်ကန်မယ် မဆိုနိုင်ပါဘူး။ နက္ခဗေအရ ဒီလို တွက်ချက်မှုတွေ ရှိပေမယ့်လည်း လိင်စိတ် ရှိမှု ဆိုတာ တစ်ဦးချင်းစီရဲ့ အခြေအနေ၊ အချိန်အခါ၊ ကာယဗေဒ အပါအဝင် အရာများစွာ အပေါ်မှာ မူတည်နေတာကြောင့်
ဒီအချက်တွေကို ရာနှုန်းပြည့် မယူသင့်ပါဘူး။
Photo: yahoo lifestyle
ဒါပေမယ့် နက္ခဗေဒပညာရပ်အရတော့ မွေးလရာသီခွင်အလိုက် လိင်စိတ်ဆန္ဒကို ခန့်မှန်းတွက်ချက်နိုင်တယ်လို့ ညွှန်ပြပါတယ်။
နက္ခပညာရပ်အရ မွေးလရာသီဖွားတွေရဲ့ လိင်စိတ်ဆန္ဒတွေကို လေ့လာကြည့်ကြရအောင်ပါ။ purewow ဝက်ဘ်ဆိုက်ရဲ့ ဆောင်းပါးကို Yahoo.com မှာ ပြန်လည် ဖော်ပြထားချက်အရ ရာသီခွင်အလိုက် လိင်စိတ်အခြေအနေဟာ ဒီလိုတွေ ရှိနေတတ်ပါတယ်။
တူရာသီဖွား(စက်တင်ဘာ၂၃ - အောက်တိုဘာ၂၁)
တူရာသီဖွားတွေက လိင်စိတ်ဆန္ဒအားနည်းတယ်လို့ဆိုကြပါတယ်။ တကယ်တမ်းကတော့ သူတို့တွေက လိင်ဆက်ဆံတာထက် ခင်မင်ရင်းနှီးမှုနဲ့ မိသားစုလိုနွေးထွေးမှုကိုပိုတန်ဖိုးထားပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ကတိသစ္စာကို ပိုတန်ဖိုးထားပြီး လိင်မှုကိစ္စကိုလည်း အလေးအနက်ထားတတ်ကြသူတွေပါ။
ကုံရာသီ (ဇန်နဝါရီ၂၀- ဖေဖေါ်ဝါရီ၁၈)
ကုံရာသီဖွားတွေကတော့ လွတ်လပ်မှုကို မြတ်နိုးသူတွေပီပီ လိင်ကိစ္စကြောင့် အချည်နှောင်ခံရတာမျိုးကို မနှစ်သက်ပါဘူး။ လိင်ဆက်ဆံတဲ့အခါမှာ အမြင့်ဆုံးခံစားချက်ရှိသူတွေဖြစ်ပြီး လိင်ဆက်ဆံချိန်တွေကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းတတ်ပါတယ်။
Photo: The Horoscope
ကန်ရာသီ (သြဂုတ်၂၃- စက်တင်ဘာ ၂၂)
အိပ်ရာထဲမှာ စွန့်စားတတ်သူတွေအဖြစ် လူသိများပါတယ်။ ပြဿနာက လိင်ကိစ္စကို အနည်းငယ်ကြောက်ရွံ့တတ်တဲ့ လက္ခဏာမျိုးရှိပါတယ်။ သူတို့ရဲ့ကြောက်လန့်စိတ်ကို ဖြေဖျောက်ပေးနိုင်ဖို့အတွက် ပါတနာက ကြိုးစားပေးဖို့လိုပါတယ်။
မေထုန်ရာသီ (မေ၂၁- ဇွန်၂၀)
စကားပြောကောင်းတယ်၊ ဉာဏ်ရည်ဉာဏ်သွေးနဲ့ဟာသဉာဏ်တွေကို သုံးပြီး လက်တွဲဖော်ကို ဆွဲဆောင်တတ်တယ်။ နွေးထွေးတဲ့ လိင်ဆက်ဆံမှုဖြစ်စေဖို့အတွက် အချိန်ယူလှုံ့ဆော်တတ်တယ်။
မကာရရာသီ (ဒီဇင်ဘာ၂၂- ဇန်နဝါရီ ၁၉)
တည်ငြိမ်ပြီး ရှေးရိုးဆန်မှုကြောင့် လူသိများပေမယ့် အိပ်ရာထဲမှာ သက်လုံကောင်းသူတွေဖြစ်တာကိုတော့ လူသိနည်းပါတယ်။ လိင်ဆက်ဆံခြင်းကို ပျော်မွေ့တတ်ပြီး လက်တွဲဖော်ရဲ့ဆန္ဒကို အကောင်းဆုံးဖြည့်ဆည်းပေးတတ်ကြသူတွေပါ။
ကရကဋ်ရာသီ (ဇွန်၂၁- ဇူလိုင်၂၂)
လိင်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို အလေးအနက်ထားပြီး အပြုအစုကောင်းသူတွေပါ။ လိင်ကိစ္စမှာ ပျော်ရွှင်စေဖို့အတွက် အချိန်ယူတည်ဆောက်ရမယ်ဆိုတာကို ကောင်းကောင်းနားလည်ကြပါတယ်။ ပျော်ရွှင်မှုရဖို့ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းပေးနိုင်ပါတယ်။
Photo: MindBodyGreen
မိန်ရာသီ (ဖေဖေါ်ဝါရီ၁၉- မတ်၂၀)
လိင်ဆက်ဆံရတာကို ချစ်မြတ်နိုးသူတွေဖြစ်ပေမယ့် သူတို့ရဲ့စိတ်ပါဝင်စားမှုရဖို့အတွက် သူတို့ကိုလှုံ့ဆော်ပေးနိုင်ဖို့လိုပါတယ်။ သူတို့ကို ကောင်းကောင်းလှုံ့ဆော်ပေးနိုင်ရင် လိင်စိတ်ဆန္ဒက တိမ်ပေါ်အထိရောက်နေတတ်ပေမယ့် လှုံ့ဆော်ပေးနိုင်မှုမရှိရင်တော့ အတ္တလန်တိတ်သမုဒ္ဒရာထဲက ရေခဲတုံးထက်ကို ပိုအေးစက်နေတတ်သူတွေပါ။
သိဟ်ရာသီ (ဇူလိုင်၂၃- သြဂုတ်၂၂)
သိဟ်ရာသီဖွားတွေရဲ့လိင်မှုကိစ္စမောင်းနှင်အားက အခြားသူတစ်ဦးအပေါ်မှာ လုံးလုံးလျားလျားမူတည်ပါတယ်။ သူတို့ကို တောဘုရင်လို ဆက်ဆံတဲ့သူမျိုးနဲ့တွေ့ရင် သူတို့တွေရဲ့မောင်းနှင်အားက ပိုပြီးအားကောင်းတတ်ပါတယ်။ ဒါပေမယ့် အေးဆေးတည်ငြိမ်တဲ့နည်းလမ်းနဲ့ သူတို့ကို ချဉ်းကပ်လာမယ်ဆိုရင်တော့ သူတို့ရဲ့စိတ်ဆန္ဒက လျှင်လျှင်မြန်မြန်ပဲ ပျောက်ဆုံးသွားတတ်ကြပါတယ်။
Photo: Wedding
ဓနုရာသီ (နိုဝင်ဘာ၂၂- ဒီဇင်ဘာ၂၁)
ပျံသန်းခြင်းကို နှစ်သက်ကြသူတွေပါ။ အိပ်ရာထဲမှာ အမြင့်ဆုံးအထိ ပျံသန်းနိုင်ဖို့ကို အမြဲတွေးတတ်ပါတယ်။ ဖော်ရွေသူတွေဖြစ်ပြီး လိင်ဆက်ဆံဖော်များပြားတတ်ပေမယ့် One Night Stand လိုကိစ္စရပ်မျိုးကိုတော့ မနှစ်သက်တတ်ကြပါဘူး။
မိဿရာသီ (မတ်၂၁ -ဧပြီ၁၉)
လိင်ကိစ္စကို သင်္ချာလို တွက်ချက်တတ်သူတွေပါ။ ခံစားချက်နောက်ကို လိုက်ပြီး ပျော်မွေ့တတ်ပေမယ့်လည်း စနစ်တကျပြင်ဆင်ပြီး ဆက်ဆံရတာမျိုးကို နှစ်သက်သူတွေဖြစ်ပါတယ်။
ပြိဿရာသီ (ဧပြီ၂၀- မေ၂၀)
ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုကို နှစ်သက်တယ်။ ညှို့ငင်တတ်သူတွေဖြစ်တယ်။ သူတို့ရဲ့ နွေးထွေးတဲ့ပွေ့ဖက်မှုကို ခံရသူတိုင်း ရုန်းထွက်နိုင်ဖို့ခက်ခဲပါတယ်။
ဗြိစ္ဆာရာသီ (အောက်တိုဘာ၂၂- နိုဝင်ဘာ၂၁)
လိင်စိတ်ဆန္ဒအားကြီးသူတွေအဖြစ် နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။ တကယ်တမ်းတော့ ဒီယူဆချက်ကမှားပါတယ်။ သူတို့ကကြင်နာတတ်သူတွေပါ။ ဒါပေမယ့် လက်တွဲဖော်ရွေးချယ်ရာမှာတော့ စံနှုန်းသတ်မှတ်ချက်များပြီး VIP လို ဆက်ဆံတတ်ကာ သူတို့ရဲ့ခွန်အားကြီးမှုကို ပြသတတ်ပါတယ်။
Ref : yahoo.com