စပါးကလည်း ပိုစတီဂလူးလက်ထက်မှာ ခြေစွာနေတာပါ။

ယူနိုက်တက်ဂန္တဝင်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က စပါးသာ လက်ရှိအနေအထားအတိုင်း ဆက်သွားမယ်ဆိုရင် ရာသီကုန်မှာ အာဆင်နယ်နဲ့ လီဗာပူးတို့ရဲ့အထက်မှာ ရပ်တည်နိုင်ကြောင်း ပြောကြားလိုက်ပါတယ်။ စပါးက ပြီးခဲ့တဲ့နွေမှ စတင်ကိုင်တွယ်ခဲ့တဲ့ ပိုစတီဂလူးနဲ့ ဖြတ်သန်းနေရတာပါ။



ပိုစတီဂလူးရဲ့လက်ထက်မှာ စပါးရဲ့ ကစားပုံက အရင်ကထက် ပိုမိုကောင်းမွန်လာခဲ့ပြီး ရာသီအစောပိုင်းမှာလည်း အမှတ်ပေးဇယားကို တောက်လျှောက် ဦးဆောင်နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်အထိလည်း သူတို့က ပရီးမီးယားလိဂ်မှာ အန္တရာယ်ပေးနိုင်တဲ့ အသင်းအဖြစ် ရှိနေဆဲပါ။
ပိုစတီဂလူးကလည်း အကြောက်အလန့်မရှိတဲ့ ကစားဟန်ကို သူ့အသင်းမှာ ရိုက်သွင်းပေးထားပြီး နောက်ဆုံးကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း တစ်ဖက်နှစ်ဂိုးစီ သရေကျထားပါတယ်။ အဲ့ဒါကြောင့်လည်း နဗီးလ်က စပါးရဲ့ ရာသီကုန်ရပ်တည်မှုအတွက် မထင်မှတ်ထားတဲ့ အမြင်ကို ဖွင့်ဟလာခဲ့တာပါ။
နဗီးလ်က “စပါးသာ ဒီပုံစံအတိုင်း လာမယ့်ရက်သတ္တပတ်အနည်းငယ်အထိ ဆက်သွားမယ်ဆိုရင် သူတို့ ဒီရာသီကုန်မှာ အာဆင်နယ်နဲ့ လီဗာပူးတို့ရဲ့အထက်မှာ ရပ်တည်နိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်နဲ့ လီဗာပူးတို့က အမှတ်ပေးချန်ပီယံဆုကို ခြိမ်းခြောက်နေကြတာပါ။
နဗီးလ်ဟာ ဒီရာသီအစောပိုင်းမှာ အာဆင်နယ်သာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သွားမယ်လို့ ဟောကိန်းထုတ်ခဲ့သူပါ။ ပြီးခဲ့တဲ့လအတွင်းအထိ သူ့ရဲ့ အမြင်ကို မပြောင်းလဲခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ စပါးနဲ့ ပတ်သက်လို့ အခုလိုပဲ ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က