နည်းပြသစ်ခန့်အပ်တဲ့အပေါ် မူတည်ပြီး ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။

ရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့အတွက် ရော်နယ်ဒိုက စဉ်းစားနေပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အသင်းက ရွေးချယ်ခန့်အပ်မယ့် နည်းပြက သူနဲ့သင့်တော်မှုမရှိဘူးဆိုရင် ထွက်ခွာဖို့ကို ရော်နယ်ဒိုက ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ဆိုတာကြောင့် ယူနိုက်တက်ရဲ့ နည်းပြသစ်ခန့်အပ်မှုက ရော်နယ်ဒို အသင်းမှာဆက်ရှိမလား၊ ထွက်ခွာသွားမလားဆိုတာကို ဆုံးဖြတ်ပေးတော့မှာဖြစ်ပါတယ်။ 

Daily Star ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုဟာ ယာယီနည်းပြသစ်ခန့်အပ်မှုနဲ့ပတ်သက်ပြီး ဘာမှမပြောဆိုခဲ့ဘဲ ရာသီကုန်ခန့်အပ်မယ့်အပေါ်ကိုသာ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဂျူဗီကနေ ယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီးနောက် ရော်နယ်ဒိုဟာ နည်းပြ ၃ ဦးအထိကို တွေ့ဆုံခဲ့ရပြိးဖြစ်ပါတယ်။ ဆိုးလ်ရှား၊ မိုက်ကယ်ကာရစ်နဲ့ ရန်းဂ်နစ်ခ်တို့ဖြစ်ပြီး လက်ကျန်စာချုပ်သက်တမ်းက အမြဲတမ်းတမ်းနည်းပြဘယ်သူဖြစ်မလဲဆိုတဲ့အပေါ် မူတည်လာခဲ့တာပါ။ 

ရန်းဂ်နစ်က ရာသီကုန်ထိသာ အသင်းကို နည်းပြအဖြစ်တာဝန်ယူမှာဖြစ်ပြီး အဲဒီနောက်မှာ အကြံပေးအဖြစ် ပြောင်းလဲတာဝန်ယူသွားမှာဖြစ်ပါတယ်။ ရန်းဂ်နစ်ခ်လက်အောက်မှာ ရော်နယ်ဒိုတယောက် အခက်တွေ့နေရပြီး ပွဲစဉ် ၂ပွဲအထိ ဂိုးပေါက်ပျောက်ခဲ့သလို ဂိုးပေါက်ကန်သွင်းခွင့်လည်း တကြိမ်မှတောင်မရတဲ့အထိ ခြေစွမ်းကျဆင်းခဲ့ကာ တိုက်စစ်ပိုင်းမှာ ရုန်းကန်နေရတာဖြစ်ပါတယ်။ 

ဒါကြောင့် လာမယ့်နည်းပြသစ်က သူ့ကိုအကောင်းဆုံးပုံစံဖြစ်လာအောင် ကူညီပေးနိုင်ပြီး သူနဲ့အံဝင်မယ့် နည်းပြမျိုးဖြစ်လာဖို့ ရော်နယ်ဒိုက မျှော်လင့်နေတာဖြစ်ပါတယ်။ ရန်းဂ်နစ်ခ်ရဲ့ ၄-၂-၂-၂ ကစားကွက်မှာ ပုံမှန်ကစားခွင့်ရတာကလွဲလို့ လုံလောက်တဲ့ ပံ့ပိုးမှုတွေမရတဲ့အပေါ် ရော်နယ်ဒိုက စိတ်ပျက်နေပြီး လူသိရှင်ကြားထုတ်ဖော်မပြောဆိုခဲ့ပေမယ့် သူ့ရဲ့ ကိုယ်ဟန်အမူအရာတွေကတော့ ပြသနေခဲ့ပါတယ်။ 

ဒီရာသီမှာ ရော်နယ်ဒိုက အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၄ ဂိုးသွင်းယူပေးထားကာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်နဲ့တော့ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် အောင်မြင်မှုရဖို့အတွက်တော့ အာမခံချက်မရှိဖြစ်နေပြီး ယူနိုက်တက်ဟာ ပရီးမိးယားလိဂ်မှာ အဆင့်လေးအတွင်းဝင်နိင်ဖို့ကိုသာ ပစ်မှတ်ထားရတော့မှာလည်းဖြစ်ပါတယ်။ 

Share

က္က