ယာယီနည်းပြပြန်ဖြစ်နေပြီလို့ ပြောခဲ့တာပါ။

လီဗာပူးဂန္တဝင် နောက်ခံလူဟောင်းကြီး ကာရေဂါက ယူနိုက်တက်နည်းပြ တန်ဟက်ခ်အနေနဲ့ ရာသီကုန်အထိ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေကို မပြုလုပ်နိုင်ဘူးဆိုရင် အသင်းကနေ ထွက်သွားရမှာဖြစ်ကြောင်း ခန့်မှန်း ပြောကြားလိုက်ပါတယ်။



ဒီရာသီမှာ ယူနိုက်တက်က မတည်ငြိမ်တဲ့ ရလဒ်ပိုင်းတွေနဲ့ ခရီးဆက်နေရတာပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အုပ်စုနောက်ဆုံးနေရာကနေ ထွက်ခွာခဲ့ရပြီး ခြေစွမ်းပိုင်းကလည်း အားရစရာတစ်စက်မှ မရှိသေးတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ယူနိုက်တက်ရဲ့ ရှယ်ယာ (၂၅) ရာခိုင်နှုန်းကို ဆာဂျင်မ်ရက်ကလစ်ဖ်က ဝယ်ယူခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ ဗြိတိန်ဘီလျံနာ သူဌေးကြီးဟာ ယူနိုက်တက်ရဲ့ အားကစားပိုင်းဆိုင်ရာ ကိစ္စရပ်တွေအားလုံးကို အပြည့်အဝ ထိန်းချုပ်ခွင့် ရရှိသွားခဲ့တာပါ။
လက်ရှိအနေအထားအရ တန်ဟက်ခ်ရဲ့ရာထူးက ရက်ကလစ်ဖ်လက်ထက်မှာ ထူးထူးခြားခြား လှုပ်ခတ်လာခြင်း မရှိသေးပါဘူး။ ကာရေဂါကတော့ “ယူနိုက်တက်ကို ရက်ကလစ်ဖ်တို့ အုပ်စု ရောက်လာကတည်းက တန်ဟက်ခ်က သူ့ရဲ့ အစမ်းခန့်ကာလဖြစ်သွားပါပြီ။ သူက ရာသီကုန်အထိ ယာယီနည်းပြဖြစ်နေမှာပါ”
“တကယ်လို့ ရလဒ်ပိုင်းရော၊ ခြေစွမ်းပိုင်းမှာပါ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ မလုပ်ပြနိုင်ဘူးဆိုရင် တန်ဟက်ခ်တစ်ယောက် ယူနိုက်တက်ကနေ ထွက်သွားရပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ရက်ကလစ်ဖ်ဟာ နိုက်စ်အသင်းပိုင်ရှင်လည်းဖြစ်ပြီး အဆိုပါအသင်းမှာ နည်းပြ (၅) ယောက်အထိ အပြောင်းအလဲလုပ်ခဲ့ဖူးပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က