ရော်နယ်ဒိုက ကလေးငယ်တွေနဲ့ ဘောလုံးကစားခဲ့တာပါ။

အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် အယ်လ်နာဆာနဲ့အတူ ဂျပန်နိုင်ငံကို ရောက်ရှိနေချိန်မှာ ကလေးငယ်တွေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် ဘောလုံး ကစားဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။ ရော်နယ်ဒိုရဲ့ အယ်လ်နာဆာဟာ မနေ့က ပီအက်စ်ဂျီနဲ့ ခြေစမ်းပွဲ ကစားခဲ့ပါတယ်။



အဲ့ဒီပွဲမှာလည်း အယ်လ်နာဆာတို့ ဂိုးပေါက်ပျောက်ခဲ့ပြီး ပီအက်စ်ဂျီကလည်း ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဂိုးမရှိသရေကျခဲ့ပါတယ်။ အယ်လ်နာဆာအတွက်တော့ ဒီသရေရလဒ်က ရာသီကြိုခြေစမ်းပွဲ နောက်ဆုံးသုံးပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

အယ်လ်နာဆာဟာ ဒီပွဲမတိုင်ခင်ကလည်း ဆဲလ်တာဗီဂို၊ ဘင်ဖီကာတို့လို ဥရောပအသင်းတွေနဲ့ ခြေစမ်း ကစားခဲ့ပြီး ရှုံးပွဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ပီအက်စ်ဂျီနဲ့ မကစားခင်မှာတော့ ရော်နယ်ဒိုက ဂျပန်နိုင်ငံမှာရှိတဲ့ ကလေးငယ်တွေအတွက် သီးသန့်အချိန်ပေးခဲ့ပြီး ကွင်းထဲမှာလည်း ကလေးတွေနဲ့အတူ ပျော်ပျော်ပါးပါး ဘောလုံး ကစားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဒီလိုမျိုး ကစားတဲ့နေရာမှာလည်း သူ့ရဲ့ အရည်အသွေးတွေကို ထုတ်ဖော်ပြသခဲ့ပြီး ပရိသတ်တွေကတော့ ရော်နယ်ဒိုနဲ့ ကလေးငယ်တွေရဲ့ ဗီဒီယိုကို ချီးကျူး ပြောကြားခဲ့ကြပါတယ်။ ပရိသတ်တွေက “ရော်နယ်ဒိုရဲ့ ကွင်းထဲမှာ ကစားတဲ့ပုံစံ၊ ကွင်းပြင်မှာ ရိုကျိုးတဲ့ပုံစံတွေကို သဘောကျပါတယ်” ကလေးငယ်တွေအတွက်တော့ မမေ့နိုင်စရာ အမှတ်တရတွေပဲ”

“ရော်နယ်ဒိုကို ဘယ်လိုများ မုန်းတီးလို့ရမှာလဲ” “GOAT ကို မြင်ရတာ ချစ်စရာပဲ” လို့ အသီးသီး မှတ်ချက်ပေးခဲ့ကြပါတယ်။ ရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်လ်နာဆာမှာသာ ဆက်ကစားမယ်လို့ အတည်ပြုထားပြီး ဆော်ဒီလိဂ်က မေဂျာလိဂ်ထက် ပိုကောင်းတယ်လို့လည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြောကြားခဲ့ပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က