ဒီတပတ်ထဲမှာ အတည်ပြုကြေညာသွားမှာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒေါ့မွန်တိုက်စစ်မှူးဟာလန်းကို ခေါ်ယူနိုင်ခဲ့ပြီလို့ နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုက အတည်ပြုလိုက်ပါတယ်။ နော်ဝေတိုက်စစ်မှူးကို မန်စီးတီက ​ဆေးစစ်မှုတွေတောင်ပြုလုပ်ပြီးခဲ့ပြီလို့ သိရကာ ဒီတပတ်အတွင်းမှာပဲ တရားဝင်သတင်းထုတ်ပြန်လိမ့်မယ်လို့လည်း သူက ဆိုပါတယ်။ 

မန်စီးတီးက ဒေါ့မွန်ကို စာချုပ်ပါလျော်ကြေးတန်ဖိုး ယူရိ ၇၅ သန်းကို ပေးချေမယ်လို့ ပြောဆိုခဲ့ကြောင်းလည်း သိရပြီး ကစားသမားဘက်ကလည်း သူ့ရဲ့အပြောင်းအရွှေ့ကို အမြန်ဆုံးကြေညာပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။ ဒေါ့မွန်ကို အကောင်းဆုံးနှုတ်ဆက်ဖို့ကိုလည်း ဟာလန်းက ပြင်ဆင်ထားပြီး ပရိသတ်တွေကိုလည်း ကျေနပ်မယ်လို့ မျှော်လင့်နေပါတယ်။ 

ပါးစပ်သတင်းတွေအရ မန်စီးတီးက ဟာလန်းကို လက်မှတ်ထိုးကြေး ပေါင်သန်း ၂၀၊ အေးဂျင့်ခ ပေါင် ၂၅ သန်းနဲ့ တနှစ်လုပ်ခလစာ ပေါင်သန်း ၅၀ အထိ ပေးချေသွားမယ်လို့ ဆိုကြပါတယ်။ တချို့သတင်းတွေကတော့ ဒီဘရိုင်းထက်တောင်မှ လစာမများဘူးလို့ ဖော်ပြနေကြပြီး ဟာလန်းရဲ့ ခံစားခွင့်အတိအကျကို သိရဖို့က မလွယ်ကူဘူးဖြစ်နေပါတယ်။ 

ဒေါ့မွန်မှာ ခြေစွမ်းပိုင်းတိုးတက်ကောင်းမွန်မှုတွေရှိလာခဲ့တဲ့နောက် ဟာလန်းကို ထိပ်သီးအသင်းအများအပြားက အလိုရှိနေခဲ့တာပါ။ ဒါပေမယ့် မန်စီးတီးက အားလုံးထက်လက်ဦးမှုရယူနိုင်ခဲ့ပြီး ဒီရာသီမှာ အထောင်တိုက်စစ်မှူးတဦးမရှိခဲ့တဲ့ အားနည်းချက်ကို ဖာထေးနိုင်ခဲ့ကာ လာမယ့်ရာသီမှာ ပိုပြီးကြောက်စရာကောင်းတဲ့ အသင်းတသင်းအဖြစ် မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က