ရိုဆင်ဘော့ကို ရှုံးနိမ့်ခဲ့တာပါ။

ယူနိုက်တက်ကတော့ မနေ့ညက ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ ရိုဆင်ဘော့ကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒီပွဲကို နော်ဝေနိုင်ငံမှာ ကစားခဲ့တာဖြစ်ပြီး ယူနိုက်တက်အတွက် ဒီနွေရာသီမှာ ပထမဆုံး ရာသီကြိုခြေစမ်းပွဲလည်း ဖြစ်ခဲ့တာပါ။



ရပ်ရှ်ဖို့ဒ်၊ အီဗန်စ်၊ မေဆင်မောင့်၊ ကက်စ်မဲရိုး၊ ဝမ်ဘစ်ဆာကာတို့လို စီနီယာ ကစားသမားတွေ ပါဝင်ကစားခဲ့ပေမယ့် ခြေစွမ်းပိုင်းကတော့ အားရစရာ မရှိခဲ့ပါဘူး။ အသင်းနဲ့ ပူးပေါင်းတာ နောက်ကျခဲ့တဲ့ ဆန်ချိုကတော့ နော်ဝေနိုင်ငံကို လိုက်ပါခဲ့ခြင်း မရှိသလို ဇာကာဇီကလည်း တနင်္ဂနွေနေ့ကမှ အသင်းကို ရောက်လာခဲ့တာကြောင့် လူစာရင်းမှာ မပါဝင်ခဲ့ပါဘူး။

ဒီပွဲမှာ ယူနိုက်တက်ရဲ့ ကစားပုံက စီနီယာ ကစားသမားအချို့ ပါဝင်သည့်တိုင်အောင် အားရစရာမရှိခဲ့ပါဘူး။ လူငယ်ကစားသမားတွေရဲ့ ခြေစွမ်းပိုင်းကလည်း လောက်လောက်လားလား မရှိခဲ့ဘဲ ပရိသတ်တွေအတွက် စိတ်ပျက်စရာသာဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမှာကတည်းက ရိုဆင်ဘော့တို့ ဦးဆောင်ဂိုးရနိုင်မယ့် အခွင့်အရေးတွေ ရှိခဲ့ပေမယ့် ယူနိုက်တက်ဘက်က ဂိုးသမား ဗီတက်ခ် လက်စွမ်းပြခဲ့တာ၊ ဂိုးတိုင်ထိခဲ့တာတွေကြောင့် သက်သာခဲ့ရတာပါ။ ဒုတိယပိုင်းမှာတော့ ယူနိုက်တက်တို့ ဂိုးသမားကလွဲလို့ တစ်သင်းလုံး လူစားလဲခဲ့ရပါတယ်။

မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပို (၃) မိနစ်မှာတော့ ရိုဆင်ဘော့တို့ အနိုင်ဂိုးရသွားပြီး ယူနိုက်တက်တို့ မျက်နှာပျက်စရာဖြစ်ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ နောက်ထပ်ခြေစမ်းပွဲတွေအဖြစ် ရိန်းဂျားစ်၊ အာဆင်နယ်၊ ဘက်တစ်၊ လီဗာပူးတို့နဲ့ ဆက်လက် ကစားသွားရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က