ယူနိုက်တက်တို့ အိမ်ကွင်းမှာ သရေသာကစားနိုင်ခဲ့တာပါ။

ယူနိုက်တက်က ဒီနေ့ပွဲမှာ ရော်နယ်ဒို၊ အဲရစ်ဆင်၊ ဗန်ဒီဘိခ်၊ ဗာရန်း၊ အဲလက်စ်တဲလက်စ်တို့ကို အမာခံထားပြီး လီဆန်ဒရိုနဲ့အတူ ဂါနာချို၊ ဂျိမ်းစ်ဂါနာတို့လို လူငယ်တွေနဲ့ ပွဲထွက်ခဲ့ပါတယ်။ ဂါနာချိုရဲ့ အတိုးအလှုပ်နဲ့ရုန်းအားတွေက တော်တော်လေးကို အားရစရာကောင်းခဲ့ပြီး သူဘောလုံးရတိုင်း ပြိုင်ဘက်နောက်တန်းကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။



ဒီဘက်တောင်ပံက တာဟစ်ချောင်ကတော့ စိတ်ပျက်စရာပါ။ အဲရစ်ဆင်တောင်မှ သူ့ကိုပြောယူရတဲ့ အနေအထားဖြစ်နေပြီး တာဟစ်ချောင်နောက်က ညာနောက်ခံလူ လိုင်ရာ့ဒ်ပါ ကြောင်ပျောက်သွားခဲ့ပါတယ်။ ရော်နယ်ဒို တိုက်စစ်ကို ဦးဆောင်လာပေမယ့် ထိရောက်မှု ကြီးကြီးမားမားမရှိခဲ့ဘဲ အခွင့်အရေးတကြိမ်ကိုလည်း မိုးပေါ်ထောင်ကန်ပစ်ခဲ့ပါတယ်။

အဲရစ်ဆင်ရဲ့ကန်ချက်တကြိမ် ဂိုးဘေးကပ်ထွက်ခဲ့တာအပြင် တာဟစ်ချောင်ရဲ့ မလိုလားအပ်တဲ့ နှောင့်နှေးမှု၊ ဖြုန်းတီးမှုတွေကြောင့် ပထမပိုင်းမှာ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် ပထမပိုင်းစပြီး (၁၅) စက္ကန့်မပြည့်ခင်မှာတင် ဗယ်လက်ကာနိုရဲ့ အလစ်ငိုက်ထိုးဖောက်မှုကို ဟီတန် ကာကွယ်နိုင်ခဲ့တာကြောင့်လည်း ယူနိုက်တက်တို့ ကံကောင်းခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ရော်နယ်ဒိုကို ဒီယာလိုနဲ့ လူစားလဲခဲ့ပြီး တဲလက်စ်ရဲ့ ကန်ချက်ပြန်ထွက်လာတာကတဆင့် ဒီယာလိုက ပိတ်သွင်းပြီး ယူနိုက်တက်တို့ အဖွင့်ဂိုးရခဲ့ပါတယ်။ အဲ့ဒီနောက် ဗယ်လက်ကာနိုဘက်က ဖယ်လ်ကာအိုရဲ့ကန်ချက် ဘားတန်းထိထွက်ခဲ့ပေမယ့် ပါလာဇွန်ရဲ့ကန်ချက်ကို တွမ်ဟီတန် ပုတ်ထုတ်ရာကတဆင့် အယ်လ်ဗာရိုပါလာဇွန်က ပိတ်သွင်းခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ပွဲက တော်တော်လေးအေးသွားခဲ့ပြီး တန်ဟက်ခ်ကလည်း ဇီဒန်းအစ်ဘယ်လ်၊ ဟာနီဘယ်လ်၊ ရှိုတိုင်းရား၊ ဘာယီတို့ကို ထည့်သွင်းကစားခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ တိုက်စစ်မြှင့်ခဲ့ပေမယ့် ယူနိုက်တက်လူငယ်လေးတွေ တကိုယ်ကောင်းဆန်နေတာ၊ စိတ်လောနေတာတွေကြောင့် တဂိုးစီသရေနဲ့သာကျနေပ်ခဲ့ရပါတယ်။

တန်ဟက်ခ်အတွက်လည်း အိုးထရက်ဖို့ဒ်မှာ ပထမဆုံးပွဲကကျေနပ်ဖို့မကောင်းခဲ့သလို ခြေစမ်းပွဲ နောက်ဆုံးသုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တာကလည်း စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ လာမယ့်တပတ်မှာတော့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအဖြစ် ဘရိုက်တန်ကို အိမ်ကွင်းမှာဧည့်ခံကစားရမှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က