နံပါတ်တစ် ပစ်မှတ်လို့ သတ်မှတ်ထားပါတယ်။

ဒီရာသီမှာ ပေါင်သန်း ၆၀၀ ကျော် အသုံးပြုခဲ့တဲ့ ချယ်လ်ဆိးဟာ လာမယ့်ရာသီအတွက် တိုက်စစ်မှူးသစ်တဦး ခေါ်ယူဖို့ ကြိုးစားနေရာမှာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒူဆန်ဗလာဟိုဗစ်ကို ယူရိုသန်း ၈၀ နဲ့ ကမ်းလှမ်းခဲ့တယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၂၂ ဇန်နဝါရီကမှ ဖီအိုရင်တီးနားကနေ ဂျူဗီကို ယူရို ၈၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ 

ဂျူဗီအတွက် ပြိုင်ပွဲစုံ ၆၂ ပွဲကစားပေးအပြီးမှာ ဗလာဟိုဗစ်က ၂၃ ဂိုးသွင်းယူပေးထားနိုင်ခဲ့ပြီး လက်ရှိမှာတော့ ခြေစွမ်းပိုင်းကျဆင်းနေသလို တူရင်မှာ အဆင်မပြေဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ အယ်လီဂရီရဲ့ ခံစစ်အသားပေးကစားဟန်မှာ သူက အဆင်မပြေဖြစ်နေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် အသင်းပြောင်းရွှေ့ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။ 

ဗလာဟိုဗစ်ရဲ့ ဂျူဗီမှာ မပျော်မရွှင်ဖြစ်နေမှုကို ချယ်လ်ဆီးက အခွင့်ကောင်းယူကာ သူတို့ရဲ့ နံပါတ်တစ်ပစ်မှတ်အဖြစ် သတ်မှတ်ပြီး ချဉ်းကပ်နေတယ်လို့ သိရပါတယ်။ နည်းပြသစ်ပိုချက်တီနိုလက်ထက်မှာ ထိပ်တန်းအဆင့် နံပါတ် ၉ တိုက်စစ်မှူးတဦးကို ခေါ်ယူဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပြီး ဆာဘိးယားတိုက်စစ်မှူးကို ဘိုင်ယန်မြူးနစ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ကလည်း စိတ်ဝင်စားနေကြပါတယ်။ 

လာမယ့်ရာသီမှာ ချယ်လ်ဆီးအနေနဲ့ ဘယ်လိုဥရောပပွဲတွေကိုမှ ဝင်ကစားခွင့်မရတာက ကစားသမားကောင်းတွေကို​ ခေါ်ယူရာမှာ အားနည်းချက်တခုအဖြစ်နဲ့တော့ ရှိနေပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ငွေကြေးသုံးစွဲနိုင်စွမ်းနဲ့ နည်းပြသစ်လက်ထက် အသင်းကို ပြန်လည်တည်ဆောက်မယ့် အစီအစဉ်တွေကတော့ စိတ်ဝင်စားစရာကောင်းနေလို့ ဗလာဟိုဗစ်ကို ဆွဲဆောင်နိုင်မလား စောင့်ကြည့်ရပါတော့မယ်။ 

Share

Loading Next Article...
က္က