အာဆင်နယ်ကို ကွန်မြူနတီဒိုင်းမှာ ရှုံးပြီးတဲ့နောက် ပြောကြားခဲ့တာပါ။

မန်စီးတီးကွင်းလယ်ကြယ်ပွင့် ဒီဘရိုင်းက လာမယ့်ရာသီသစ်မှာ အာဆင်နယ်တို့ မန်စီးတီးကို ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ထပ်မံယှဉ်ပြိုင်နိုင်ဦးမလားဆိုတဲ့အပေါ် အာဆင်နယ်တင်မဟုတ်ဘဲ အခြားသော (၈) သင်း၊ (၉) သင်းလောက်က ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့ပါတယ်။



အာဆင်နယ်ဟာ တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ မန်စီးတီးနဲ့ သာမန်ပွဲကစားချိန်အတွင်း တစ်ဂိုးစီသရေကစားနိုင်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာလည်း ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်တို့ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးရဲ့ နောက်ကောက်ချခြင်းကို ခံခဲ့ရပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့တစ်ရာသီလုံးနီးပါး ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်ခဲ့ပြီးမှ ရာသီသိမ်းခါနီးမှ မန်စီးတီးရဲ့ ကျော်တက်ခြင်းကို ခံခဲ့ရတာပါ။ အာဆင်နယ်ဟာ လက်ရှိနွေရာသီမှာလည်း ဒကလန်ရိုက်စ်၊ တင်ဘာ၊ ဟာဗက်ဇ်တို့လို ကစားသမားတွေကို ခေါ်ယူအားဖြည့်ထားပြီး ရာသီသစ်အတွက် အကောင်းဆုံးပြင်ဆင်နေပါတယ်။

အဲ့ဒါကြောင့်လည်း လာမယ့်ရာသီမှာ အာဆင်နယ်တို့ မန်စီးတီးကို ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ထပ်မံစိန်ခေါ်နိုင်ဦးမလားဆိုတဲ့အပေါ် ဒီဘရိုင်းက အခုလိုပဲ တုံ့ပြန်ခဲ့တာပါ။ ဒီဘရိုင်းက “ရာသီသစ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ယှဉ်ပြိုင်မယ့်အသင်းက (၈) သင်း၊ (၉) သင်းလောက်ရှိပါတယ်။ ဒီတော့ သူတို့အားလုံးကို ကျွန်တော်တို့ စိုးရိမ်နေတာမျိုး မရှိပါဘူး”

“ဒကလန်ရိုက်စ်၊ ဟာဗက်ဇ်၊ တင်ဘာတို့က ကစားသမားကောင်းတွေပါ။ အာဆင်နယ်က သူတို့အတွက် လိုအပ်တဲ့ ကစားသမားတွေကို ခေါ်ယူအားဖြည့်ခဲ့တာပါ။ ဒီကစားသမား သုံးယောက်လုံးက အာဆင်နယ်အတွက် ပွဲထွက်နိုင်ပြီး ကြီးမားတဲ့ ခေါ်ယူမှုတွေဖြစ်ခဲ့ပါတယ်။ အသင်းတိုင်းက ပရီးမီးယားလိဂ်အတွက် ငွေသုံးနေကြပြီး တစ်နှစ်ထက် တစ်နှစ် ပိုခက်လာပါတယ်။ ကျွန်တော်တို့က ကိုယ့်နေရာကိုယ် ထိန်းသိမ်းရမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က