ရိုးမားကိုလည်း ထပ်မံအနိုင်ယူခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ရိုးမားနဲ့ လေဗာကူဆင်တို့ရဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာလည်း လေဗာကူဆင်က နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဝေးကွင်းမှာ လေဗာကူဆင်အတွက် ခက်ခဲမယ်ထင်ခဲ့ပေမယ့် သူတို့ရဲ့ ပြိုင်ပွဲစုံ ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းခဲ့တာပါ။



ရိုးမားကလည်း လေဗာကူဆင်ကို အနိုင်ကစားဖို့ ကြိုးစားခဲ့ပေမယ့် လူကာကူရဲ့ ခေါင်းတိုက်ချက် တိုင်ထိထွက်ခဲ့တာအပါအဝင် အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် အိမ်ကွင်းမှာ တစ်ဂိုးမှမရခဲ့တာပါ။ ဒီပွဲက ပွဲကောင်းတစ်ပွဲလည်း ဖြစ်ခဲ့ပြီး နှစ်ဖက်ကစားသမားတွေအကြား ထိပ်တိုက်တွေ့မှုတွေလည်း ရှိခဲ့ပါတယ်။

လေဗာကူဆင်အတွက် ဦးဆောင်ဂိုးကိုတော့ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြနေတဲ့ ဖလော်ရီယန်ဝစ်ဇ်က အဆုံးသတ် ကန်သွင်းပေးခဲ့ပါတယ်။ အဲ့ဒီနောက် ဒုတိယပိုင်းမှာတော့ လေဗာကူဆင်အတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို ကွင်းလယ်လူ အန်းဒရစ်ချ်က ဧရိယာအပြင်ကနေ အပြင်းကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။

ဖလော်ရီယန်ဝစ်ဇ်က ဒီရာသီမှာ လေဗာကူဆင်တိုက်စစ်အတွက် မရှိမဖြစ် ခြေစွမ်းပြနေပြီး ဂိုးတွေ ဆက်တိုက် သွင်းယူနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ အန်းဒရစ်ချ်ကလည်း နောက်ဆုံးကစားခဲ့တဲ့ စတုဂတ်နဲ့ပွဲမှာ လေဗာကူဆင် ရှုံးပွဲမကြုံတွေ့အောင် နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ ကယ်တင်ပေးခဲ့သေးတာပါ။

လေဗာကူဆင်ကတော့ ဒီပွဲရလဒ်ကြောင့် ပြိုင်ပွဲစုံမှာ ရှုံးပွဲမရှိတဲ့ သူတို့ရဲ့ စံချိန်မှတ်တမ်းကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဝေးကွင်းမှာ နှစ်ဂိုးပြတ်နဲ့ နိုင်ခဲ့တာကြောင့်လည်း ဒုတိယအကျော့ အိမ်ကွင်းအတွက် အခြေအနေကောင်းသွားခဲ့ပြီး ဗိုလ်လုပွဲတက်ဖို့ အခွင့်အရေးပိုများသွားခဲ့ပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က