ဗုဒ္ဓဟူးနေ့ညက ဘန်လေနဲ့ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်အတွင်း အလွန်ကောင်းမွန်တဲ့ တကိုယ်တော်အားထုတ်မှုနဲ့ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ဗုဒ္ဓဟူးနေ့ည ဘန်လေနဲ့ပွဲစဉ်မှာ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိနေပြီဆိုတာကို ပြသခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့လတွေမှာ မဖြစ်မနေ လိုအပ်နေတဲ့ ယုံကြည်ချက် ပြန်လည်ရရှိခဲ့ပုံပေါ်ပါတယ်။ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပြန်လာခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ဗုဒ္ဓဟူးနေ့ညက ဘန်လေနဲ့ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်အတွင်း အလွန်ကောင်းမွန်တဲ့ တကိုယ်တော်အားထုတ်မှုနဲ့ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။



ရက်ရှ်ဖို့ဒ်ဟာ ကိုယ့်ကွင်းဘက်ခြမ်းကနေ ဘောလုံးကို ရယူခဲ့ပြီးနောက် အနည်ဆုံး ကိုက် ၄၀ ပြေးလွှားပြီး အလွန်အားပါပြင်းထန်တဲ့ကန်ချက်နဲ့အတူ ဂျော်ဒန် ဘီရာကို ကျော်ဖြတ်ပြီး ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီသွင်းဂိုးဟာ ရိုင်ယန် ဂစ်ရဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တုန်းက အာဆင်နယ်အသင်းဘက်ကို တကိုယ်တော် စွမ်းရည်နဲ့ သွင်းယူခဲ့တဲ့ ကျော်ကြားတဲ့ သွင်းဂိုးနဲ့ နှိုင်းယှဉ်ခြင်းခံရလောက်အောင် ကောင်းမွန်တဲ့ သွင်းဂိုး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

"ရက်ရှ်ဖို့ဒ်ဆီကနေ အရမ်းကောင်းတဲ့ခြေစွမ်းပဲ။ သူ ညာတောင်ပံကနေ လုပ်ပြခဲ့ဖူးသမျှထဲက အကောင်းဆုံး ကစားပုံပဲ"လို့ တွစ်တာအသုံးပြုသူ ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပြီး နောက်ထပ်တစ်ဦးကလည်း "အမ်ဘာပေအနေနဲ့ သူ့ရဲ့ စံပြပုဂ္ဂိုလ် ရက်ရှ်ဖို့ဒ်နဲ့ ကစားချင်တယ်ဆိုရင်တော့ ဒီကို လာရလိမ့်မယ်"လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ည ကာရာဘောင်းဖလား ၁၆ သင်းရှုံးထွက်အဆင့် နိုင်ပွဲမှာ အဲရစ်ဆင်က တန်ဟက်ရဲ့အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ညာတောင်ပံကနေ ဝမ်-ဘစ်ဆာကာဆီကနေ အလွန်ကောင်းမွန်တဲ့ကစားပုံကနေတဆင့် သွင်းယူခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က