တစ်သင်းလုံးကိုလည်း ဝေဖန်ခဲ့တာပါ။

အင်္ဂလန်နောက်ခံလူဟောင်းကြီး စတူးအာ့တ်ပီယာ့စ်က ဘိုင်ယန်မြူးနစ်ကို ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲက ယူနိုက်တက်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ရဲ့ ကစားပုံကို ဝေဖန်ပြောကြားလိုက်ပါတယ်။ ဘိုင်ယန်မြူးနစ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ရပ်ရှ်ဖို့ဒ်က ပရိသတ်ကျေနပ်လောက်စရာ ကစားပုံမျိုးကို မပြသခဲ့ပါဘူး။



ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်အတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ ကစားသမားဖြစ်ပေမယ့် ဒီရာသီမှာတော့ သူ့ရဲ့ ခြေစွမ်းပိုင်းက မေးခွန်းထုတ်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ယူနိုက်တက်အတွက် တစ်ဂိုးသာ သွင်းယူနိုင်ပါသေးတယ်။

ဘိုင်ယန်မြူးနစ်နဲ့ပွဲအပြီးမှာတော့ ပီယာ့စ်က “ပြီးခဲ့တဲ့နွေရာသီမှာ အိုနာနာက မက်ဂွိုင်းရားကို ဘာပြောလိုက်လဲ ကျွန်တော် မသိပါဘူး။ အခုချိန်ကတော့ တစ်သင်းလုံး အပြစ်ဖြစ်နေပါပြီ။ နောက်တန်းတင် မဟုတ်ပါဘူး။ တစ်သင်းလုံး မကောင်းတာပါ။ ကစားသမားအများစုက သရဲကိုတောင် အရှုံးပေးနေကြပါပြီ။ ဒါက စိုးရိမ်စရာပါ”

“ယူနိုက်တက်က တော်တော်လေးကို အားနည်းနေပြီး ဘိုင်ယန်မြူးနစ်ရဲ့ အဆုံးသတ်တွေ အခုထက်ပိုပြီး မတိကျခဲ့တာ ကံကောင်းပါတယ်။ နောက်ပြီး ရပ်ရှ်ဖို့ဒ်တို့ဘာတို့ဆိုတာကလည်း သူတို့ကျောကုန်းမှာ ရေခဲသေတ္တာကြီး ထမ်းထားကြသလိုပါပဲ။ တစ်ဝက်လောက်ပဲ ပြေးနိုင်ကြပါတယ်” လို့ ဝေဖန်ပြစ်တင်သွားပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်ပရိသတ်တွေကတော့ ရပ်ရှ်ဖို့ဒ်ကို ကာကွယ်ပေးခဲ့ကြပြီး ယူနိုက်တက်ပေးလိုက်ရတဲ့ အဖွင့်ဂိုးအတွက် အိုနာနာကို အပြစ်တင်ရမယ်လို့ ကာကွယ်နေကြပါတယ်။ ဒီပွဲမှာ အိုနာနာရဲ့ အားနည်းချက်ကြောင့် ယူနိုက်တက်တို့ အဖွင့်ဂိုးပေးလိုက်ရပြီး အခုလိုမျိုး ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

Share

Loading Next Article...
က္က