ယူနိုက်တက်တို့ နိုင်ပွဲဆက်ခဲ့တာပါ။

ယူနိုက်တက်က ဝက်စ်ဟမ်းကို ရင်ဆိုင်ဖို့အတွက် ပုံမှန် အသုံးပြုနေကျ ကစားသမားစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပါတယ်။ ဗာရန်း၊ အန်တိုနီတို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ မက်ဂွိုင်းရား၊ ရော်နယ်ဒိုတို့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာလည်း အီလန်ဂါ ပါဝင်လာခဲ့ပါသေးတယ်။ ဆန်ချိုကိုလည်း အရန်ခုံမှာပဲ ထားခဲ့ပြီး ကွင်းလယ်မှာ ကက်စ်မဲရိုး၊ အဲရစ်ဆင်၊ ဘရူနိုဖာနန်ဒက်စ်တို့ ပွဲထွက်ခဲ့ပါတယ်။



ဝက်စ်ဟမ်းကလည်း အန်တိုနီယိုကို အရန်ခုံမှာပဲ ထားခဲ့ပြီး ဒီပွဲမှာ မပါဝင်နိုင်ဘူးလို့ သတင်းထွက်ခဲ့တဲ့ ဘိုဝင်လည်း စကာမာကာ၊ ဘန်ရာမာ၊ ဆိုချက်ခ်၊ ဒကလန်ရိုက်စ်တို့နဲ့အတူ ပွဲထွက်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာ ယူနိုက်တက် ကစားပုံ ကောင်းမွန်ခဲ့ပေမယ့် ရော်နယ်ဒိုရဲ့ကန်ချက်၊ ရပ်ရှ်ဖို့ဒ်ရဲ့ ခေါင်းတိုက်ချက်တွေက ဝက်စ်ဟမ်းဂိုးသမား ဖေဘီယန်စကီးဆီပဲ တည့်တည့်ရောက်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ဝက်စ်ဟမ်းကလည်း ဖိအားပေးဖို့ ပြန်လည်ကြိုးစားလာခဲ့ပေမယ့် အပိုင်အခွင့်အရေးတွေတော့ ဖန်တီးနိုင်ခဲ့ခြင်းမရှိပါဘူး။ (၃၇) မိနစ်မှာတော့ ယူနိုက်တက်တို့တလုံးတည်းသောသွင်းဂိုးရရှိခဲ့ပြီး အဲရစ်ဆင်၊ ဘရူနိုဖာနန်ဒက်စ်တွဲလုံးကတဆင့် အဲရစ်ဆင် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ရပ်ရှ်ဖို့ဒ်က ခေါင်းတိုက် အဆုံးသတ် သွင်းယူခဲ့ပါတယ်။

ဒီဂိုးဟာ ရပ်ရှ်ဖို့ဒ်အတွက်လည်း သွင်းဂိုး (၁၀၀) ပြည့်ဖြစ်ခဲ့ပြီး အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ် လာကြည့်တဲ့ပွဲမှာ သမိုင်းမှတ်တိုင်တခုကို စိုက်ထူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ဝက်စ်ဟမ်းက ချေပဂိုးရဖို့ အရှိန်မြှင့်လာခဲ့ပါတယ်။ အမြင့်ဘောတွေကို အဓိကဦးတည်ကစားခဲ့ရပြီး ဒါလော့ရဲ့ အမြင့်ဘောရှင်းထုတ်နိုင်စွမ်းကလည်း ချီးကျူးစရာပါ။

ပွဲပြီးခါနီးမှာ ဖရက်ဒ်ရဲ့ ခေါင်းတိုက်ချက် တိုင်ထိခဲ့သလို ဝက်စ်ဟမ်းဘက်က လူစားဝင်ကစားသမား အန်တိုနီယိုရဲ့ ကန်ချက်၊ဒကလန်ရိုက်စ်ရဲ့ကန်ချက်နဲ့ ဇူးမားရဲ့ ခေါင်းတိုက်ချက်တို့ကို ဒီဂီယာ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့်လည်း ယူနိုက်တက်တို့ ကံကောင်းခဲ့ပြီး ရပ်ရှ်ဖို့ဒ်ရဲ့တလုံးတည်းသောသွင်းဂိုးနဲ့ပဲ အနိုင်ရရှိခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးကို ကျော်တက်ပြီး အမှတ်ပေးဇယား အဆင့် (၅) နေရာကို ရောက်ရှိလာခဲ့ပါတယ်။ 

Share

Loading Next Article...
က္က