မာရှယ်လ်ကို ဆီဗီလာပရိသတ်တွေက ပြန်လည်လှောင်ပြောင်ခဲ့တာပါ။

ယူနိုက်တက်ကနေ ဆီဗီလာကို အငှားနဲ့ သွားရောက်ကစားနေတဲ့ မာရှယ်လ်ဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ဆိုစီဒက်နဲ့ လာလီဂါပွဲမှာ ဆီဗီလာပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရပါတယ်။ မာရှယ်လ်ဟာ (၆) လအငှားစာချုပ်နဲ့ ဆီဗီလာကို ရောက်ရှိနေတာဖြစ်ပါတယ်။



အသက် (၂၆) နှစ်အရွယ် ဒီကစားသမားဟာ ဇန်နဝါရီမှာ ဆီဗီလာကို ရောက်ရှိလာပြီးနောက်ပိုင်း အသင်းအတွက် လာလီဂါပွဲ (၅) ပွဲမှာ တဂိုးမှ သွင်းယူထားနိုင်ခြင်းမရှိသေးပါဘူး။ အဲ့ဒီနောက် ဆိုစီဒက်နဲ့ပွဲမှာ ပွဲကစားချိန် မိနစ် (၆၀) မပြည့်ခင်မှာတင် ဆီဗီလာနည်းပြ လိုပက်တယ်ဟီက မာရှယ်လ်ကို လူစားလဲခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ မာရှယ်လ်ကို ဆီဗီလာပရိသတ်တွေက လှောင်ပြောင်ခဲ့တာပါ။

မာကာသတင်းဌာနရဲ့ဖော်ပြချက်အရ မာရှယ်လ်ဟာ ဒီလိုမျိုးလှောင်ပြောင်ခံရတဲ့အပေါ် ဒေါသပေါက်ကွဲခဲ့ပြီး ဆီဗီလာမှာ အံမဝင်ဘဲ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေသလို ခံစားနေရတယ်လို့ သိရှိရပါတယ်။ မာရှယ်လ်နဲ့ ပတ်သက်လို့ မကြာခင်ကပဲ အားကစားဒါရိုက်တာ မွန်ချီက ချီးကျူးပြောကြားမှုတွေရှိခဲ့ပါတယ်။

မာရှယ်လ်ကိုယ်တိုင်ကလည်း ဘာစီလိုနာ၊ ဂျူဗင်တပ်စ်တို့ရဲ့ ကမ်းလှမ်းမှုတွေရရှိခဲ့ပေမယ့် ဆီဗီလာကိုသာ လိုလိုလားလား ရွေးချယ်ခဲ့တယ်လို့ဆိုခဲ့တာပါ။ ဒါပေမယ့် အခုတခါမှာတော့ မာရှယ်လ်ရဲ့ အနာဂတ်က တော်တော်လေးလှုပ်ခတ်နေပြီးပ်ခတ်နေပြာ်လေးလ့တယ်လို့ဆိုခါတယ်းကား ဆီဗီလာတာဝန်ရှိသူတွေကလည်း ကစားသမားရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပတ်သက်လို့ မပျော်မရွှင်ဖြစ်နေတယ်လို့ သိရပါတယ်။

မာရှယ်လ်အနေနဲ့ အစပိုင်းမှာ ဆီဗီလာကို အပြီးသတ်ပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေကဖော်ပြခဲ့ပေမယ့် လာမယ့်နွေရာသီမှာလည်း မာရှယ်လ်တယောက် နောက်ထပ်အသင်းသစ် ရှာဖွေရဖွယ်ရှိပါတယ်။ ယူနိုက်တက်ကို ပြန်ဖြစ်ခဲ့သည့်တိုင် မာရှယ်လ်ရဲ့အနာဂတ်က မန်ချက်စတာမှာ ဆက်ရှိနိုင်မှာ မဟုတ်ဘူးလို့လည်း အားလုံးက လက်ခံထားပြီးဖြစ်ပါတယ်။ 

Share

က္က