တန်ဟက်ဂျ်က လာမယ့်ရာသီမှာ ယူနိုက်တက်နည်းပြသစ်ဖြစ်လာမှာပါ။

အင်္ဂလန်မြေက ထင်သလ​ောက်မလွယ်ကူဘူးလို့ စပါးနည်းပြကွန်တီက ယူနိုက်တက်နည်းပြသစ်ဖြစ်လာမယ့် အီရစ်တန်ဟက်ဂျ်ကို သတိပေးလိုက်ပါတယ်။ ယူနိုက်တက်ဟာ မနေ့ကမှ အီရစ်တန်ဟက်ဂျ်ကို နည်းပြသစ်အဖြစ်ခန့်အပ်လိုက်တာဖြစ်ပြီး လာမယ့်ရာသီသစ်မှာ အသင်းကို စတင်ကိုင်တွယ်တော့မယ်လို့ အသိပေးခဲ့တာဖြစ်ပါတယ်။ 

ဘရန့်ဖို့ဒ်နဲ့ ကစားရမယ့်ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကွန်တီက "ဒီရာသီမှာ ယူနိုက်တက်က ဗာရန်း၊ ဆန်ချို၊ ရော်နယ်ဒိုတို့ ရောက်လာခဲ့ပြီး လူစာရင်းပိုင်းတိုးတက်လာခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ သတင်းထောက်တဦးကတော့ "ဒါပေမယ့် သူတို့က တော်တော်လေးဆိုးရွားနေခဲ့တာနော်" လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ 

ကွန်တီက "အဲဒါက အရမ်းထူးဆန်းပါတယ်၊ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ရာသီက သူတို့က အဆင့် ၂ နေရာရခဲ့တာပါ၊ ပြီးတော့ လူစာရင်းလည်းကောင်းလာခဲ့တယ်၊ ပြီးခဲ့တဲ့ရာသီကထက် ဆိုးရွားနေတယ်ဆိုတဲ့ သဘောကတော့ အဲဒါက ပရီးမီးယားလိဂ်မှာမလွယ်ကူဘူးဆိုတဲ့အဓိပ္ပာယ်ပါပဲ၊ အသင်းအများအပြားက အာရုံစူးစိုက်မှုအပြည့်ရှိတယ်"

"အင်္ဂလန်မှာ အဲလိုမှ အာရုံမစိုက်ဘူးဆိုရင် တန်းဆင်းဇုန်ထဲမှာ ခင်ဗျားအိပ်ပျော်သွားလိမ့်မယ်၊ ဒါမှမဟုတ် ဥရောပဝင်ခွင့်ရမှာမဟုတ်ဘူး၊ အင်္ဂလန်က နည်းပြတဦးအတွက်တော့ ကြီးမားတဲ့ အလုပ်တခုပါပဲ၊ ဒီမှာပြိုင်ဆိုင်မှု အရမ်းမြင့်မားတယ်၊ ယူနိုက်တက်မှာဆိုရင်တော့ ဖိအားတွေအများကြီးတွေ့မှာပဲ ဆုဖလားတွေရယူဖို့အတွက် တိုက်ပွဲဝင်ရလိမ့်မယ်၊ လွယ်တော့မလွယ်ဘူး၊ တခြားအသင်းတွေကလည်း ဒီလိုတွေချည်းပဲလေ" လို့ ပြောဆိုခဲ့ပါတယ်။ 


တန်ဟက်ဂျ်ကတော့ အေဂျက်ဇ်နဲ့အတူ ထင်ပေါ်လာခဲ့သူဖြစ်ပြီး ပရိသတ်ကြိုက်နည်းပြတဦးအဖြစ် နာမည်ကြီးလာခဲ့သူဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က