လူကြမ်းသရုပ်ဆောင် မင်းမင်းက ဇာတ်ကားရိုက်တွေမရှိတော့တဲ့အချိန်မှာ အငှားယာဥ်မောင်းအဖြစ်နဲ့ မိသားစုဝမ်းရေးကို ဖြေရှင်းနေတဲ့အကြောင်း ပြောပြလာပါတယ်။ အခုလိုအချိန်မှာ မိသားစုဝမ်းရေးအတွက်ကိုပဲ စဥ်းစားတယ်လို့ သူက ဆိုပါတယ်။
ဓာတ်ပုံ - မင်းမင်း
"ကားမောင်းနေတာက တော့ ၇ လ - ၈လ လောက်တော့ရှိပြီ။ ကားမောင်းတာက ဝမ်းစာအတွက်တော့ ရတာပေါ့။ ပိုပိုလျှံလျှံတော့ မရှိဘူးပေါ့။ Taxi ကတော့ နေတိုင်းဆွဲတယ်။ ကျွန်တော့်မှာ နားရက်ဆိုတာမရှိဘူး။ ည နေ ၆နာရီ ဆိုရင် ပြန်သိမ်းတယ်။ မနက်ဆို ၇ နာရီလောက်ဆို ကျွန်တော်စမောင်းပြီ။ ကိုယ်တတ်တဲ့ ပညာလေးနဲ့ ကိုယ့်ဘာသာကိုယ် ဝမ်းစာရှာတာပေါ့နော်။ အခက်အခဲတွေ က တော့သိပ်မရှိပါဘူး။ နဂိုကတည်းကလည်း ကားလေးဘာလေး မောင်းတတ်တော့ အလုပ်အကိုင်မရှိဘူးဆိုတော့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ကားပေးထားတယ်။ အဲဒီကားလေးကို မောင်းနေတာပေါ့" လို့ မင်းမင်းက ပြောပြခဲ့ပါတယ်။
ဓာတ်ပုံ - မင်းမင်း
ကိုဗစ်ကပ်ရောဂါ မြန်မာနိုင်ငံကို စတင်ဝင်ရောက်ကတည်းက ရိုက်ကူးရေးတွေ နားထားရတဲ့အတွက် ဇာတ်ကားမရိုက်ရတော့တာ အခုဆိုရင် ၂နှစ်ကျော် လောက်ရှိပြီဖြစ်ပြီး ဝင်ငွေ သုည ဘဝ ဖြစ်နေတဲ့အချိန်မှာ Taxi မောင်းသမားတစ်ယောက် ဘဝက တစ်နေ့ကိုဝင်ငွေ ဘယ်လောက်ဆိုတာ သတ်သတ်မှတ်မှတ် မရှိပေမယ့်လည်း အိမ်ရဲ့ စားရေးကို ဒီဝင်ငွေနဲ့ပဲ ဖြေရှင်းနေတယ်လို့ ဆိုပါတယ်။
" အိမ်ရဲ့ ထမင်းအိုးလေး တော့ပြန်တည်နိုင်တာပေါ့။ ကျန်တာကတော့ မဖူလုံပါဘူး။ ကိုဗစ်မဖြစ်ခင်က နယ်မှာကားတွေရိုက်ဖို့စီစဉ်ထားတာ ရောဂါလည်းဖြစ်ရော အကုန်ပျက်တော့တာပါပဲ။ ၂၀၂၁ နှစ်လယ်လောက်မှာ စပြီးမောင်းတာ အခုဆိုရင် ၉လ လောက်ရှိပြီပေါ့။ ကျွန်တော့်အ နေနဲ့ ခံစားချက် က တော့ သိပ်ပြီးတော့ မထူးတော့ပါဘူး။ အရင်ကတည်းက အနုပညာအလုပ်လုပ်ကတည်းက ခံစားချက်တွေ ရှိပေမယ့် အခုအောင်မြင်တာမှ မဟုတ်တာပဲ၊ အခုနောက်ပိုင်းကတော့ ကိုယ့်ဘဝ ကိုယ် ဘာမှ ကို မခံစားတော့ဘူး။ ကိုယ်ရတဲ့ နေရာလေးမှာ တင်းတိမ်ပြီး နေလိုက်တယ်" လို့ လူကြမ်းသရုပ်ဆောင် မင်းမင်းက ပြောပြခဲ့ပါတယ်။
မင်းမင်းနဲ့ သမီး ဇင်စန္ဒာထွန်း
အဌားယာဉ်မောင်းဘဝကလည်းအသက်အန္တရာယ်ကြားက ဝမ်းစာရှာနေရတာမို့ မိသားစုကိုပဲ တွေးပြီး အလုပ်လုပ်ဖြစ်နေတယ်လို့ ဆိုပြီး အသက်အန္တရာ
ယ်တစ်စုံတစ်ခု မကျရောက်ဖို့ကိုလည်း သတိထားနေ နေရတယ်လို့ ဆိုပါတယ်။
"ရောက်ရာနေရာ မှာ ပျော်ပျော်ပဲ နေ တော့မယ်။ ဘာမှ မခံစားချင်တော့ဘူး. မိသားစု ရဲ့ ဝမ်းရေးကို တွေးမယ်။ အသက်အန္တရာယ်မဖြစ်အောင် သတိထားနေမယ်။ အဲ့ဒါ ပဲ တွေးပြီး စိတ်မချမ်းသာလည်း စိတ်ချမ်းသာသလို နေ နေပါတယ်" လို့ သရုပ်ဆောင် မင်းမင်းက ဆက်ပြီးပြောပြခဲ့ပါတယ်။
သရုပ်ဆောင် မင်းမင်းက တော့ လတ်တ လောမှာ အနုပညာ အလုပ်တွေကိုရပ်နားထားပြီးအဌားမောင်းသမားဘဝ နဲ့ ဘဝဝမ်းစာကို ရှာဖွေ နေသူလည်းဖြစ်ပါတယ်။ သရုပ်ဆောင်မင်းမင်းမှာတော့ သားသမီး၄ဦးရှိပြီး သမီး အလတ်ဖြစ်သူ ဇင်စန္ဒာထွန်းကလည်း အနုပညာအလုပ်တွေကို လုပ်ဆောင်ဖို့ ကြိုးစားနေပြီပဲ ဖြစ်ပါတယ်။