ဒီနှစ် ရည်မှန်းချက်ထက် အလုံးရေ သန်း ၃၀ လျှော့ထုတ်မယ်လို့လည်း ဆိုပါတယ်။

တစ်ကမ္ဘာလုံး စီးပွားရေးကျဆင်းလာမှု မြင့်မားလာချိန် စမတ်ဖုန်း‌ဈေးကွက်လည်း အကျဘက်ကို ဦးတည်လာနေပါတယ်။ 



ကျဆင်းလာတဲ့ စမတ်ဖုန်းဈေးကွက်မှာ ရောင်းမထွက်တဲ့ ဖုန်းတွေကြောင့် အရှုံးမတွေ့အောင် ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းထုတ်လုပ်သူတွေဟာ စမတ်ဖုန်းထုတ်လုပ်မှု လျှော့ချလာနေပါတယ်။ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Samsung ကတော့ ရောင်းမထွက်တဲ့ ဖုန်းအလုံးရေသန်းချီ ပိုက်မိထားတယ်လို့ SamMobile သတင်းက ဖော်ပြထားပါတယ်။ 



သတင်းအရ Samsung ဟာ စမတ်ဖုန်းလက်ကားဖြန့်ဖြူးသူတွေရဲ့ လက်ထဲမှာ ဖုန်းအလုံးရေ သန်း ၅၀ ခန့် ရောင်းမထွက်ဘဲ ကျန်နေသေးတယ်လို့ ဆိုပါတယ်။ Samsung ဖုန်း သန်း ၅၀ ခန့်ဟာ ဝယ်သူလက်ထဲ ရောင်းချပြီးခြင်း မရှိသေးဘဲ ကမ္ဘာတလွှားက Samsung လက်ကားဖြန့်ချိတဲ့ ဖောက်သည်ကြီးတွေရဲ့ လက်ထဲမှာပဲ ကျန်နေသေးတာ ဖြစ်ပါတယ်။ 

ရောင်းမထွက်ဘဲ ကျန်နေတဲ့ ဖုန်းတွေထဲမှာ အများစုက အလတ်တန်းစား Galaxy A Series တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ Samsung ဟာ ဒီနှစ်ထဲ စမတ်ဖုန်းအလုံးရေ သန်း ၂၇၀ ဝန်းကျင် တင်ပို့ဖို့ ရည်မှန်းထားတာပါ။ အခုလက်ရှိ ရောင်းမထွက်သေးတဲ့ စမတ်ဖုန်းအလုံးရေ သန်း ၅၀ ဟာ တစ်နှစ်လုံး တင်ပို့ဖို့ ရည်ရွယ်ထားတဲ့ ပမာဏရဲ့ ၁၈% ခန့် ရှိပါတယ်။ ပုံမှန်အားဖြင့် ရောင်းမထွက်တဲ့ ဖုန်းပမာဏဟာ စုစုပေါင်း တင်ပို့မှုရဲ့ ၁၀% ဝန်းကျင်ပဲ ရှိတတ်တာ ဖြစ်ပါတယ်။

ရောင်းမထွက်ဘဲ ကျန်နေဖို့ရှိတဲ့ ဖုန်းပမာဏမြင့်လာတာဟာ Samsung အတွက် စမတ်ဖုန်းဝယ်လိုအား ကျဆင်းလာတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ Samsung ဟာ ၂၀၂၂ ဇန်နဝါရီကနေ ဖေဖော်ဝါရီလအတွင်း တစ်လကို စမတ်ဖုန်းအလုံးရေ သန်း ၂၀ ခန့် ထုတ်လုပ်ခဲ့ရာကနေ မေလထဲမှာ ဖုန်းထုတ်လုပ်မှု ထက်ဝက်လျှော့ပြီး အလုံးရေ ၁၀ သန်းပဲ ထုတ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအချက်ကလည်း ပစ္စည်းလက်ကျန်မြင့်လာပြီး ဖုန်းဝယ်လိုအားနည်းလာတဲ့သဘောလို့ ယူဆရပါတယ်။ 



ပြီးခဲ့တဲ့လထဲမှာ Samsung ဟာ ၂၀၂၂ ခုနှစ်အတွက် စမတ်ဖုန်းထုတ်လုပ်မှုကနေ အလုံးရေ သန်း ၃၀ လျှော့ချဖို့ ဆုံးဖြတ်ထားကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စတုတ္ထသုံးလပတ်အတွင်းက Samsung ဟာ ၂၀၂၂ ခုနှစ်အတွက် တစ်နှစ်လုံး ဖုန်းထုတ်လုပ်မှုကို အလုံးရေ ၃၃၄ သန်းဝန်းကျင် ထုတ်လုပ်ဖို့ ပစ်မှတ်ထားခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က